Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကလောမြို့နယ်ရှိ ကျေးလက်လမ်းများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး


10 Nov,2026

ကလော နိုဝင်ဘာ ၉

     ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်အတွင်းရှိ ကျေးလက်လမ်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၆ -၂ဝ၂၇ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေ(ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပိန္နဲပင်-မြင်းကလမ်း (၁/၄)မိုင်ကျောက်ချောခင်းခြင်း လုပ်ငန်းအား ယမန်နေ့က တာဝန်ရှိ သူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး သည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) မှ စစ်ဆေးရေးအရာရှိချုပ် ဦးဇော်မျိုးထွေး၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွန်ကြားရေးမှူး(မြို့ပြ) ဦးမင်းဆွေ၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဝင်းကိုကိုဦးနှင့် တာဝန်ရှိသူများက ပြည်နယ်ရန်ပုံငွေ(ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံ ငွေကျပ် ၁၅၄ ဒသမ ၁၂ သန်းဖြင့် အိမ်လွန်းစံကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသည့် ကလောမြို့နယ် ပိန္နဲပင်-မြင်းကလမ်း (ပ/၄)မိုင် ကျောက်ချောခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျော်ဝင်း(ကလော)

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်