ရန်ကုန် နိုဝင်ဘာ ၉
လှည်းကူးမြို့နယ်အတွင်း ကျေးရွာနေပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်နေမှုများကို နိုဝင်ဘာ ၇ ရက်က တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲခေါင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူများသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ဇရပ်ကွင်းကျေးရွာအုပ်စု၊ ဇရပ်ကွင်း-အုတ်ရေတွင်း ကျေးရွာချင်းဆက်လမ်း ၂၂ ပေ အကျယ် မြေသားတာပေါင် ချဲ့ခြင်းအရှည် ပေ ၂၀ဝဝ၊ ကွန်ကရစ်ခင်းခြင်း အရှည် ပေ ၂၀၀၀၊ အကျယ် ၁၂ ပေ ထုထည် ၇ လက်မနှင့် စာဘူးတောင်းကျေးရွာ၊ ကြီးလေးကြီးလမ်းမှ နိုဖထော ကျေးရွာသို့ ဆက်သွယ်သည့်လမ်း ၂၂ ပေ အကျယ်ရရှိရန် မြေသားတာပေါင်ချဲ့ခြင်း ပေ ၂၀၀၀၊ ကွန်ကရစ်ခင်းခြင်း အရှည်ပေ၂၀၀၀၊ လမ်းအကျယ် ၁၂ ပေ၊ ထု ၇ လက်မ လုပ်ငန်းများ ဆောင်ရွက်နေမှုကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး ကြည့်ရှုစစ်ဆေးမှာကြားကြောင်း သိရသည်။
အိရွှေစင်လတ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်