မြိတ်မြို့နယ် တောင်ပုလဲကျေးရွာ၌ စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကျင်းပ
************************************************************************
မြိတ် ၊ နိုဝင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်ရရှိစေရန်အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနနှင့်ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၉ ရက်နေ့က တောင်ပုလဲကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်စိုးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး မြိတ်မြို့နယ်ဦးစီးမှူး ဒေါ်ခင်အေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများနှင့် သင်တန်းသားများအနေဖြင့် သင်တန်းကာလအတွင်း စိတ်ပါ ဝင်စားစွာ လက်တွေ့အသုံးချနိုင်သည်အထိ သင်ယူကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြဆရာက သင်တန်းတွင် သင်ကြားပို့ချမည့် ဘာသာရပ်များနှင့် သင်တန်းသား သင်တန်းသူများ လိုက်နာရန် စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်စိုးက တက်ရောက်လာကြသော သင်တန်းသား သင်တန်းသူ ၂၀ ဦးအား သင်ထောက်ကူပစ္စည်းများကို ပေးအပ်သည်။
အဆိုပါသင်တန်းတွင် ဒေသထွက် သစ်သီးဝလံများဖြင့် ယိုမျိုးစုံပြုလုပ်နည်း၊ ဝိုင်မျိုးစုံပြုလုပ်နည်းများ ကို စာတွေ့လက်တွေ့ဖြင့် သင်တန်းကာလ ၅ ရက်ကြာ အခမဲ့သင်ကြားပို့ချသွားမည်ဖြစ်ပြီး မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား သင်တန်းသူ ၂၀ ဦး တက်ရောက်သင်ယူ လျက်ရှိကြောင်း မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်