ချောင်းဆုံမြို့နယ် ကော့မုပွန်ကျေးရွာ၌ အယ်လ်နီညိုဖြစ်စဥ်ကြောင့် ရေရှားပါးပြတ်လပ်မှုမရှိစေရေး အသိပညာပေးဟောပြော
=====================================
ချောင်းဆုံ ၊ နိုဝင်ဘာ ၁၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အယ်လ်နီညိုဖြစ်စဥ်ကြောင့် ရေရှားပါးပြတ်လပ်မှုမရှိ စေရေး အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၁၁ ရက်နေ့က ကော့မုပွန်ကျေးရွာ၌ ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းမော်က အယ်လ်နီညို အပူဒဏ် အန္တရာယ်များနှင့် အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်မှုများ မဖြစ်ပွားစေရန် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ အယ်လ်နီညိုကြောင့် သောက်သုံးရေပြတ်လပ်မှု ဖြစ်ပေါ်ပါက ဌာနမှ ဆောင်ရွက်ပေးမည့်အခြေအနေများ၊ အယ်လ်နီညို သက်ရောက်မှုများကို ကြိုတင်ကာကွယ်နိုင်ရန်အချက်များနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက အယ်လ်နီညိုအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေး သည်။
အဆိုပါဟောပြောပွဲသို့ ကော့မုပွန်ကျေးရွာမှ ရပ်မိရပ်ဖများနှင့် ကျေးရွာသူ ကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်