မိုင်းဖြတ် နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်တွင် ယမန်နေ့မွန်းလွဲပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) မှ စစ်ဆေးရေးအရာရှိချုပ် ဦးဇော်မျိုးထွေးနှင့်တာဝန်ရှိသူများသည် မြို့နယ်အတွင်း အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ စစ်ဆေးရေးအရာရှိချုပ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာချီလိတ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)တို့ က ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ် ၁၃၅ ဒသမ ၇၂၁ သန်းဖြင့် ဆောင်ရွက်သည့် ဝမ်မိုင်ပါပူးလမ်း ကတ္တရာခင်းခြင်း (၀/၂.၅)မိုင်နှင့် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၁၃၂ သန်းဖြင့် မိုင်းဖြတ်-ပါညုလမ်း ကွန်ကရစ်ခင်းခြင်း (၀/၁.၃)မိုင် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်