Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြန်မာနိုင်ငံရှိ MSMEs လုပ်ငန်းများ ရေရှည်တည်တံ့စေရန်အတွက် ဒီဂျစ်တယ်ချိတ်ဆက်မှု ချဲ့ထွင်ခြင်း စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ


19 Sep,2023

နေပြည်တော် စက်တင်ဘာ ၁၉

          မြန်မာနိုင်ငံရှိ MSMEs လုပ်ငန်းများ ရေရှည်တည်တံ့စေရန်အတွက် ဒီဂျစ်တယ်ချိတ်ဆက်မှု ချဲ့ထွင်ခြင်း စွမ်းဆောင်ရည် မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နေပြည်တော် MSME Association မှ တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အရာထမ်း (၅၀) ဦး၊ နေပြည်တော်ကောင်စီနယ်မြေရှိ MSME လုပ်ငန်းရှင် (၃၀) ဦး၊  စုစုပေါင်း (၈၀) ဦးတို့မှ in person တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်များရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အရာထမ်း (၉၃) ဦးနှင့် MSME လုပ်ငန်းရှင် (၇၀) ဦး၊ စုစုပေါင်း (၁၆၃) ဦးတို့က On line ဖြင့် တက်ရောက်သည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အမှာစကားပြောကြားရာတွင် အသေးစား၊ အငယ်စား၊ အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများသည် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နေ၍ သက်ဆိုင်ရာဌာနများအနေဖြင့် MSMEs လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေး၊ နည်းပညာ၊ ဈေးကွက်ရရှိရေး တတ်နိုင်သမျှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် သမဝါယမကဏ္ဍနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းများ စနစ်တကျ ထွန်းကားစေပြီး ကျေးလက်လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန် စီမံဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူ ဖြစ်စေရန်ဆိုသည့် ဝန်ကြီးဌာန၏ မျှော်မှန်းချက်နှင့်အညီ ဦးတည်ဆောင်ရွက်လျက် ရှိပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေးခြင်းနှင့် စက်မှုလက်မှုဆိုင်ရာ ထုတ်ကုန်ပစ္စည်းပြပွဲ၊ နည်းပညာဆွေးနွေးပွဲတို့ကို အခါအားလျော်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယခုဆွေးနွေးပွဲကို မြန်မာနိုင်ငံရှိ MSMEs လုပ်ငန်းများ ဒီဂျစ်တယ်နည်းပညာဆိုင်ရာ အသိပညာများ တိုးတက်လာစေရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒီဂျစ်တယ်ချိတ်ဆက် ဆောင်ရွက်မှု၏ အရေးပါမှုကို သိရှိနားလည်စေရန်နှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်အတွက် သင့်လျော်သည့် Platform များမှတစ်ဆင့် မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများအပါအဝင် နိုင်ငံ တကာနှင့် ချိတ်ဆက်ပြီး ဈေးကွက်ကျယ်ပြန့်စွာ ဆောင်ရွက်လာနိုင်စေရန် စသည့် ရည်ရွယ်ချက် များဖြင့် ကျင်းပခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

          ဆက်လက်ပြီး ဒီဂျစ်တယ်ဆိုင်ရာ နည်းပညာရှင်များ ဖြစ်ကြသည့် ဦးမျိုးမင်းဦး (ဗဟိုအလုပ် အမှုဆောင်၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်) က Introduction of MSMEs Digitalization Tech and Trend နှင့် Emerging up for MEMEs Resilience ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးထိန်လင်းအောင် (နည်းပညာအကြံပေး) က Emerging Digital Tools, Digital Security, Digital Financing နှင့် Building MSMEs digital network ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေး ကြပြီး တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးကြသည်။

          အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အနေဖြင့် ဦးဆောင်ဆွေးနွေးပေးကြသော ပညာရှင်များ အား အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက ဂုဏ်ပြုမှတ် တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်