Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) စာမေးပွဲဖြေဆိုနေမှု အခြေအနေကို ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြား


21 Sep,2023

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် (၂၁.၉.၂၀၂၃) ရက်နေ့ နံနက်ပိုင်းတွင် Theory ပိုင်း စာမေးပွဲဖြေဆိုနေမှု အခြေအနေကို ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ ဦးဆောင်၍ ဘာသာရပ် ပါမောက္ခ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ သင်တန်းရေးရာ ဌာနမှူး၊ ဒု-ဌာနမှူးနှင့် မော်ကွန်းထိန်းများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ပါသည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကွန်ပျူတာလက်တွေ့ စာမေးပွဲများကို (၁၈.၉.၂၀၂၃)ရက်နေ့မှ (၂၁.၉.၂၀၂၃) ရက်နေ့ထိ လည်းကောင်း၊ Theory ပိုင်း ရေးဖြေစာမေးပွဲများကို (၂၁.၉.၂၀၂၃) ရက်နေ့မှ (၂၈.၉.၂၀၂၃) ရက်နေ့ထိ လည်းကောင်း ကျင်းပပြုလုပ်မည်ဖြစ်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ် ဒုတိယနှစ်ဝက်၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ဘွဲ့လွန်ဒီပလိုမာ၊ မဟာတန်းပထမနှစ်တို့၏ ပထမနှစ်ဝက် စာမေးပွဲများကို ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူဦးရေ (၉၉၁)ဦး ဖြေဆိုလျက်ရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်