Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H.E Mr. Ly Quoc Tuan (လီကွတ်ဝ်သွမ်) နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ


05 Oct,2023

နေပြည်တော် အောက်တိုဘာ ၅

 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် ညွှန်ကြားရေးမှူးချုပ်များသည် ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H.E Mr. Ly Quoc Tuan (လီကွတ်ဝ်သွမ်) နှင့် အဖွဲ့အား လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို သမဝါယမစနစ်ဖြင့် ဆောင်ရွက်နေမှုများ၊ ကျေးလက်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျေးလက်ကုန်ထုတ်လမ်း၊ တံတား၊ ကျေးလက်မီးလင်းရေး၊ ရေရှိရေးလုပ်ငန်း ဆောင်ရွက် နေမှုများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး နည်းပညာနှင့် အရင်းအနှီး ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H.E Mr. Ly Quoc Tuan (လီကွတ်ဝ်သွမ်) က နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာကောင်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်