Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တန်ဖိုးမြှင့် ထုတ်ကုန်များ (Value - Added Products) တိုးမြှင့်ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ပေးလျက်ရှိ


13 Jun,2022

နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိစက်မှုဇုန်ရှိ မြန်မာ ရွှေသစ်သီးဝလံကုမ္ပဏီလီမိတက်မှ သရက်သီး၊ နာနတ်သီး၊ သင်္ဘောသီး၊ ခရမ်းချဉ်သီး၊ စောင်းလျားသီးနှင့် ဇီးသီးများကို အသင့်စားသုံးနိုင်သော စိုက်ပျိုးရေးတန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်လျက်ရှိရာ ပြည်တွင်းရောင်းချခြင်းနှင့် ပြည်ပတင်ပို့ရောင်းချခြင်းကို တိုးမြှင့် ဆောင်ရွက်နိုင်ရန် ထပ်မံလိုအပ်သည့် သီးနှံအမှည့်ခံခန်းများ၊ Bulk Packing စက်ကိရိယာ များဝယ်ယူရန် လိုအပ်ငွေကျပ် (၁၂၄၄.၆) သိန်းကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရွှေကမ္ဘာငွေစုငွေချေး သမဝါယမအသင်းလီမိတက်မှ သက်သာသော အတိုးနှုန်းဖြင့် ချေးငွေထုတ်ချေးပေးခဲ့ ပါသည်။

စက်ကိရိယာများ ထပ်မံတိုးချဲ့၍ လုပ်ငန်းဆောင်ရွက်ခြင်းကြောင့် ကုန်ကြမ်းကို လက်ရှိထုတ်လုပ်မှုထက် (၃) ဆနီးပါး ပိုမိုထုတ်လုပ်နိုင်ပြီး သစ်သီးဝလံများ လေလွင့် ဆုံးရှုံးမှုကို လျော့နည်းစေခဲ့ပါသည်။ အထူးသဖြင့် သရက်သီးချိန်ကာလသည် ရက်ပေါင်း (၉၀) မျှသာရှိသဖြင့် သရက်သီးကုန်ကြမ်း ဝယ်ယူရရှိမှုအပေါ် စက်ရုံမှကုန်ချောအပြည့်အဝ မထုတ်လုပ်နိုင်သည့်အတွက် ယခင်က သရက်သီးအလေအလွင့်များ ဆုံးရှုံးမှုရှိခဲ့ရာမှ ယခုအခါ စက်ရုံအနေဖြင့် အလေအလွင့်ဖြစ်မည့် သရက်သီးတန်ချိန် (၁၀၀၀၀) ကျော်ကို အဖတ်ဆယ်ဝယ်ယူနိုင်မည်ဖြစ်ပြီး လက်ရှိထုတ်လုပ်မှုထက် ကုန်ချော(၁)နှစ်လျှင် တန်ချိန် (၁၂၀၀ ~ ၅၅၀၀) ထိ တိုးချဲ့ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်