နေပြည်တော်၊ ဇွန် ၁၃
မဲခေါင်-လန်ချန်းအထူးရန်ပုံငွေ(၂၀၂၀)ဖြင့် ဆောင်ရွက်သည့် မြန်မာနိုင်ငံနှင့် မဲခေါင်ဒေသရှိ သမဝါယမအသင်းများဖွံ့ဖြိုးတိုးတက်စေရန်နှင့် စွမ်းဆောင်ရည်မြှင့်တင်စေရန်အတွက် ဖွင့်လှစ်သော သမဝါယမစီမံခန့်ခွဲမှုနှင့် ဈေးကွက်ဖော်ဆောင်ရေးသင်တန်း(စတုတ္ထအကြိမ်) ဖွင့်ပွဲအခမ်းအနားကို သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ညှိနှိုင်းအစည်းအဝေးခန်းမ၌ Online စနစ်ဖြင့် ယနေ့ နေ့လည် (၁:၀၀) နာရီတွင် ကျင်းပခဲ့ရာ သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းနိုင် နှင့် တာဝန်ရှိသူများ၊ သင်ကြားပို့ချသည့်ဆရာ၊ ဆရာမများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းနိုင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။ သမဝါယမစီမံခန့်ခွဲမှုနှင့် ဈေးကွက်ဖော်ဆောင်ရေးသင်တန်း (စတုတ္ထအကြိမ်) ကို (၁၃-၆-၂၀၂၂)မှ (၁၇-၆-၂၀၂၂) ရက်နေ့ထိ သင်တန်းသား/သူ (၁၀၅) ဦးဖြင့် နေ့လည်(၁:၀၀) နာရီမှ ညနေ(၄:၃၀)နာရီထိ (၅)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်သည်။ သင်တန်းသို့ သမဝါယမဦးစီးဌာန အဆင့်ဆင့်ရှိ ဌာနဝန်ထမ်းများ၊ သမဝါယမအသင်းအဆင့်ဆင့်ရှိ အသင်းအမှုဆောင်များနှင့် အသင်းဝန်ထမ်းများအား Online မှတစ်ဆင့် Zoom Application ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်