Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများအား မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ကွင်းဆင်းစစ်ဆေး


22 Nov,2023

ကျောက်ပန်းတောင်း  နိုဝင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းဇော်ဦးသည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ(၁၉)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ကျောက်ပန်းတောင်းမြို့နယ်သို့ ရောက်ရှိပြီး၊ ကျောက်ပန်းတောင်းမြို့နယ်သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းစုတို့မှ ဆောင်ရွက် လျက်ရှိသည့်လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး၍ မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ တွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံပြီး၊ လုပ်ငန်းဆိုင်ရာများ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဦးစီးမှူး ဦးထွန်းဇော်ဦးသည် သမဝါယမဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် နိုင်ငံတော်၏မူဝါဒများနှင့် သမဝါယမဦးစီးဌာန၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး မြို့နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။ ယင်းနောက် တိုင်းဒေသကြီးဦးစီးမှူးသည် ကျောက်ပန်းတောင်းမြို့နယ်သမဝါယမအသင်းစုမှ ဆောင်ရွက်လျက်ရှိသည့် သရဖီတည်းခိုခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး အမှုဆောင်များနှင့်တွေ့ဆုံကာ လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်