Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သဲကုန်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးများ ရိတ်သိမ်း


22 Nov,2023

သဲကုန်း နိုဝင်ဘာ ၂၂

          ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆင်းသွယ်လတ် မိုးစပါးများ စိုက်ပျိုးထားရှိရာ သီးကုန်းကျေးရွာ ရောင်ခြည်ဦးစိုက်ပျိုးရေးနှင့်အထွေထွေ သမဝါယမအသင်းလီမိတက်မှ အသင်းသား ၅ ဦး၏ စိုက်ဧက ၄၆ ဧက၊ ကရင်ကုန်းကျေးရွာ စိမ်းရောင်စိုစိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းလီမိတက်မှ အသင်းသား ၇ ဦး၏ စိုက်ဧက ၄၆ ဧကနှင့် ကျောက်စိမ်းရောင်စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းလီမိတက်မှ အသင်းသား ၆ ဦး၏ စိုက်ဧက ၃၅ ဧကတို့မှ မိုးစပါးများရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် စပါးတင်း ၈၀ အသီးသီး ထွက်ရှိခဲ့သည်။

          ထို့ပြင် ဆင်းသွယ်လတ်မိုးစပါးစိုက်ပျိုးထားသည့် ကရင်ကုန်းကျေးရွာ ပုလဲမွှေးစိုက်ပျိုးရေး နှင့်အထွေထွေသမဝါယမအသင်းလီမိတက်မှ အသင်းသား ၈ ဦး၏ စိုက်ဧက ၅၅ ဧကကို ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် ၈၅ တင်း ထွက်ရှိကြောင်းနှင့် အိုင်းကုန်းကျေးရွာ သဇင်ပန်းအထွေထွေ စီးပွားရေးသမဝါယမအသင်းလီမိတက်မှ အသင်းသား ၁၀ ဦး၏ စိုက်ဧက ၅၈ ဧကကို ရိတ်သိမ်း ရာတွင် တစ်ဧကလျှင် စပါး ၈၄ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်