Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ဝါးဒူး-အနောက်စုလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ကွင်းဆင်းကြည့်ရှုစစ်ဆေး


23 Nov,2023

ကန်ကြီးထောင့် နိုဝင်ဘာ ၂၂

     ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၂၃-၂၀၂၄ တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း ၁၄၄ ဒသမ ၇၅၀ ဖြင့် Emerald Delta ကုမ္ပဏီမှ ဝါးဒူး- အနောက်စုလမ်း (၀/၃ မိုင်× ၁၂ ပေ × ၇ လက်မ) ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    အဆိုပါ ကွန်ကရစ်လမ်း ရေရှည်တည်တံ့ကောင်းမွန်စေရန် အတွက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ယနေ့နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ထိန်းသိမ်းရေး)ဦးနေဦး၊ ပုသိမ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်သူမင်းတို့က ကွင်းဆင်းစစ်ဆေး၍ အရည်အသွေးပြည့်မီစွာဖြင့် လုပ်ငန်းအချိန်မီ ပြီးစီးရေးတို့ကို လိုက်လံကြည့်ရှုကာ လိုအပ်သည်များမှာကြားခဲ့သည်။

    အဆိုပါလမ်းဆောင်ရွက်ပြီးစီးပါက ကျေးရွာ ၁၁ ရွာ၊ အိမ်ခြေ ၅၆၄ အိမ်၊ လူဦးရေ ၂၅၀၆ ဦးအား အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်