Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) Teacher’s Capacity Building Training သင်တန်းဆင်းပွဲ အခမ်းအနား


24 Nov,2023

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ဆရာ/ ဆရာမများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (Teacher’s Capacity Building Training) ဖွင့်ပွဲအခမ်းအနား ကို ဘွဲ့နှင်းသဘင်ခန်းမ၌ (၂၄.၁၁.၂၀၂၃)ရက်နေ့ နေ့လည်(၀၂း၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ် (စီမံ)၊ သင်ကြားရေးဌာနများမှ ဘာသာရပ် ဌာနမှူးများ၊ (စီမံ၊သင်တန်း၊သုတေသနနှင့်ဖွံ့ဖြိုးမှု)ဌာနများမှ ဌာနမှူးများ နှင့် တာဝန်ရှိသူများ၊ သင်တန်းသား ဆရာမ(၁၄)ဦး စုံစုံညီညီ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အမှာစကားပြောကြားရာတွင် အရည်အသွေးပြည့်ဝသော လူ့စွမ်းအားရင်းမြစ်များကို မွေးထုတ်ပေးနိုင် ဖို့က ဆရာ၊ဆရာမများ၏ အဓိကတာဝန်ဖြစ်သည့်အတွက် ဆရာ၊ဆရာမများသည် သင်ကြားသူတစ်ဦး အနေဖြင့် ကျောင်းသား၊ ကျောင်းသူများကို သင်ခန်းစာများ ပို့ချရာတွင် မိမိကိုယ်ကို confidence ရှိရှိ သင်ကြားသွားကြရန်၊ Leader ကောင်း တစ်‌ယောက်အနေဖြင့် attractive ရှိရှိ competency ရှိရှိဖြင့် motivation ကောင်းများ ရရှိလာအောင် ကြိုးစားသင်ကြားပေးကြရန်၊ Teaching is Profession ဆိုသည့်အတိုင်း   သင်ကြားပေးနေသည့် ဆရာ/ဆရာမများ ကိုယ်တိုင်မှလည်း Profession ဖြစ်လာအောင် ပြုမူပြောဆိုနေထိုင်သွားကြရန်၊ မိမိတို့ အတန်းတွင် ဆုံးဖြတ်နိုင်စွမ်းရှိလာအောင် self-develop အနေဖြင့် အမြဲလို သင်ယူလေ့လာပြီး ဗလငါးတန်နှင့် ပြည့်ဝသည့် ကျောင်းသား ကျောင်းသူများမွေးထုတ်နိုင်အောင် ကြိုးစားသွားကြရန်နှင့် အနာဂတ်အတွက် အားထားရမည့် ဆရာ/ဆရာမကောင်းများဖြစ်လာအောင် ကြိုစားသွားကြရန် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းသား/ သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် သင်တန်းတွင် သင်ကြားပေးသော ဆရာ၊ ဆရာများကို ဒုတိယပါမောက္ခချုပ်(စီမံ)မှ ဂါရဝလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ပါ‌မောက္ခချုပ် ဒေါက်တာမို့မို့ရီမှ သင်တန်းသား/ သင်တန်းသူ ကိုယ်စားလှယ်တစ်ဦးကို သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပြီးနောက် မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ပြီး သင်တန်းဆင်းပွဲ အခမ်းအနားကို အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။ 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်