Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သုံးခွမြို့နယ်အတွင်းကုန်ထုတ်ဂဝံလမ်းခင်းခြင်းကို ကွင်းဆင်းစစ်ဆေး


12 Dec,2023

          ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် နန်းခလဲကျေးရွာ တောင်ကွင်းတွင် ဌာနအစီအစဉ်ဖြင့် ပေ၅၈၃၀ X ၁၂ ပေ X ကိုးလက်မ ကုန်ထုတ်ဂဝံလမ်းခင်းခြင်း၊ ပေ ၂၀ X ခြောက်ပေ X ခြောက်ပေ Box Culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

          လုပ်ငန်းခွင်သို့ သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းချို၊ တာဝန်ခံအင်ဂျင်နီယာအဖွဲ့က ကျေးရွာလမ်းကော်မတီဝင်တို့နှင့်အတူ ဒီဇင်ဘာ ၈ရက် မွန်းလွဲ ၁ နာရီခွဲတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများအား အရည်အသွေးစံချိန်စံညွှန်း ပြည့်မီစေရေး၊ သတ်မှတ်ရက်ပြီးစီးစေရေး ရေရှည်တည်တံ့ခိုင်မြဲစေရေး အလေးထားလုပ်ဆောင်ကြ ရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်းသိရသည်။

          အဆိုပါလုပ်ငန်းဆောင်ရွက်ပြီးစီးပါက အိမ်ခြေ ၃၂၁ အိမ်၊ လူဦးရေ ၁၀၃၄ ဦးတို့၏ လယ်ဧက ၆၅၀ မှ လယ်ယာထွက်ကုန်းများကို ဈေးကွက်သို့ အချိန်နှင့်တစ်ပြေးညီ တင်ပို့ရောင်းချနိုင်မည်ဖြစ် သဖြင့် ကုန်စည်စီးဆင်းမှု မြန်ဆန်လာပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်လာမည်ဟု သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်