Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဗန်းမော်မြို့နယ် မြောက်ပိုင်းရော်ဘာ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်မှ ရော်ဘာပြားများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိ


29 Dec,2023

ဗန်းမော် ဒီဇင်ဘာ ၂၉

          ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် မြောက်ပိုင်းရော်ဘာစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း လီမိတက်သည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် မန်စီမြို့နယ်၊ ကုန်းတိမ် ကျေးရွာတွင် စက်ရုံတည်နေရာထား၍ ရော်ဘာပြားများထုတ်လုပ်လျက်ရှိသည်။

          ရော်ဘာစေးများအား ကုန်းတိမ်ကျေးရွာနှင့် အနီးအနားကျေးရွာများရှိ ရော်ဘာစိုက်ပျိုးသူများ ထံမှ ဝယ်ယူပြီး ဖော်မင်းအက်ဆစ်နှင့် ရော်ဘာစေးများအား အချိုးကျရော၍ ခဲထားခြင်း၊ ကြိတ်ခြင်းများ ပြုလုပ်သည်။ ထို့နောက် ကြိတ်ပြီးသောရော်ဘာပြားများအား ၃ ရက်နေလှန်းပြီး ၄ ရက်မှိုင်းခံခြင်းများ ဆောင်ရွက်ရာ တစ်ရက်လျှင် ရော်ဘာပေါင် (၂၂၀) မှ (၂၃၅) ကြားနှုန်းဖြင့် တစ်လလျှင် ၆၅၀၀ ပေါင်မှ ၇၀၀၀ ကြားထုတ်လုပ်နိုင်ပြီး တစ်ထုပ်လျှင် ၁၁၀ ပေါင်နှုန်းဖြင့် ၆၅ ထုပ်မှ ၇၀ ထုပ်ကြားရရှိသည်။ ထွက်ရှိလာသော ရော်ဘာပြားများအား ပြည်တွင်းသာမက ပြည်ပထိဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်