Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမအသင်းသားတောင်သူများ စိုက်ပျိုးရေရရှိပြီး သီးနှံအထွက်နှုန်းတိုး၍ ဈေးကွက်ရရှိစေရန် သမဝါယမကဏ္ဍက ဆောင်ရွက်


01 Jan,2024

နေပြည်တော် ဒီဇင်ဘာ ၃၁

             သမဝါယမအသင်းသားတောင်သူများအနေဖြင့် သီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် စိုက်ပျိုး ရေရရှိပြီး သီးနှံများအထွက်နှုန်းကောင်းမွန်၍ ဈေးကွက်ရရှိစေရန် သမဝါယမကဏ္ဍက ဆောင်ရွက် ပေးလျက်ရှိရာ ဒီဇင်ဘာ၂၉ ရက်က သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ သည် ဇေယျာသီရိမြို့နယ်နှင့် ပုပ္ပသီရီမြို့နယ်များရှိ သမဝါယမအသင်းသားတောင်သူများနှင့် တွေ့ဆုံကာ  သမဝါယမလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုခဲ့ သည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်က ဇေယျာသီရိမြို့နယ် ရှားစေးဖို၊ သပြေပင်၊ထိန်ပင်၊ သာယာအေးကျေးရွာတို့မှ လျှပ်စစ်ရေတင်စနစ်ဖြင့် စိုက်ပျိုးရေရယူအသုံးပြုနေသော တောင်သူများ နှင့် ပုပ္ပသီရိမြို့နယ် အေးမြင့်သာကျေးရွာ ဆိုလာရေတင်စနစ် အသုံးပြုနေသောတောင်သူများအား သီးနှံအထွက်တိုး၍ ဝင်ငွေတိုးပွားစေရန်၊ စျေးကွက်ရရှိစေရန်၊ အတူတကွစုပေါင်းဆောင်ရွက်ခြင်း ဖြင့်အကျိုးရလဒ်များရရှိနိုင်စေရန်အတွက် သမဝါယမစနစ်ဖြင့် ဆောင်ရွက်နိုင်စေရေးနှင့် သမဝါယမ အသင်းဖွဲ့စည်းပေးခြင်း၊ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခြင်းများပြုလုပ်ခဲ့ပြီး အသင်း သား တောင်သူများ၏ ပြန်လည်ဆွေးနွေးမှုများအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။       


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်