Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(ပုသိမ်)မှ သင်တန်းသားများ လေ့လာရေးခရီး သွားရောက်


02 Jan,2024

ပုသိမ် ဇန်နဝါရီ ၂

          ဧရာဝတီတိုင်းဒေသကြီး၊ သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်း ကျောင်း(ပုသိမ်)မှ သင်တန်းသား ၉၀ ဦး၊ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်မှ တာဝန်ရှိသူများ၊ သင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိကြီးကြပ်သူများ ၂၅ဦး၊ စုစုပေါင်း ၁၁၅ ဦးတို့သည် ပန်းတနော်မြို့နယ် Global Earth Agro & Aqua Industry Public Company Limited သို့ သွားရောက်လေ့လာခဲ့သည်။

          အဆိုပါ လေ့လာရေးခရီးစဉ်တွင် ကုမ္ပဏီဥက္ကဋ္ဌ ဦးဌေးမြင့်နှင့်တာဝန်ရှိသူများမှ ကြိုဆို နှုတ်ဆက်ခဲ့ပြီး ကုမ္ပဏီ၏ ရည်မှန်းချက်များ၊ ပါဝင်သည့်လုပ်ငန်းစဉ်များ၊ လုပ်ငန်း၏ အကျိုးကျေးဇူးများ ကို Power Point ဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များ နှင့် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို လေ့လာသူများအား လိုက်ပါရှင်းလင်းပြသခဲ့သည်။ ထို့နောက် နံနက်စာနှင့် နေ့လည်စာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပြီး သင်တန်းကျောင်း ကျောင်းအုပ်ကြီးက ကုမ္ပဏီဥက္ကဋ္ဌထံသို့ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရ သည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်