Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြင်ဉီးလွင်မြို့နယ် ကျိုင်းတောင်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း၊တံတားဆောင်ရွက်နေမှုအားကွင်းဆင်းစစ်ဆေးခြင်း


08 Jan,2024

ပြင်ဦးလွင် ဇန်နဝါရီလ ၈ ရက်

            ပြင်ဦးလွင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေး နှစ်တွင် ပြင်ဦးလွင်မြို့နယ်၊ကျိုင်းတောင်းကျေးရွာ၌ ကုန်ထုတ်လမ်း(၂/၄)မိုင်အား တင်ဒါအောင်မြင်ငွေ ၂၇၅.၀၈၁ ကျပ်သန်းဖြင့်လည်းကောင်း၊ ၄င်းကုန်ထုတ် လမ်းပေါ်တွင် Box Culvert ၅(၄-၉’’x ၂၁’ x ၄’-၉”) နှင့် Slab Culvert ၃(၂၅’x၅’x၂’)  လုပ်ငန်းများအား တင်ဒါအောင်မြင်ငွေ ၆၃.၁၆ ကျပ်သန်း ဖြင့်လည်းကောင်း၊ စုစုပေါင်း တင်ဒါအောင်မြင်ငွေ ၃၃၆.၂၄၁ ကျပ် သန်းဖြင့် Winner Myanmar ကုမ္ပဏီ မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။

            အဆိုပါ လုပ်ငန်းများဆောင်ရွက်နေမှုအား ပြင်ဦးလွင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇေယျာညို၊ ပြင်ဦးလွင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ မြို့နယ်ဦးစီးမှူးဦးထိုက်နှင့် တာဝန်ခံအင်ဂျင်နီယာ ဦးရှိန်းသူအောင် တို့မှ (၃-၁-၂၀၂၄)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးဦးဇေယျာညိုမှ လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်သတ်မှတ်ကာလအတွင်း ပြီးပြတ်အောင်ဆောင်ရွက်နိုင်ရေး နှင့်လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်နိုင်ရေးအားလမ်းညွှန်မှာကြားခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်