Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တိုက်ကြီးမြို့နယ်၌ သမဝါယမအသင်းသား တောင်သူများ၏ အထွက်တိုးစပါး စိုက်ပျိုးပြီးစီးမှု အခြေအနေ ကွင်းဆင်းကြည့်ရှု


09 Jan,2024

တိုက်ကြီး    ဇန်နဝါရီ    ၈

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ လမ်းညွန်မှုအရ ရန်ကုန်တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၏ ကြီးကြပ်မှု အစီအစဉ် ရွှေမေသမဝါယမအသင်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုဖြင့် အထွက်တိုး မျိုးစပါး ထိုင်းမျိုးရက်(၉၀)စပါး စိုက်ပျိုးပြီးစီးမှုအခြေအနေကို ဇန်နဝါရီ ၅ က တာဝန်ရှိ သူများက ကွင်းဆင်းကြည့်ရှုကြောင်း သိရသည်။

အဆိုပါ အထွက်တိုးမျိုးစပါး ထိုင်းမျိုးရက် (၉ဝ) စပါး စိုက်ပျိုးပြီးစီးမှုအခြေအနေကို ရန်ကုန်တိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်ဥမ္မာမြင့်၊ မြို့နယ်ဦးစီးအရာရှိ ဦးအုန်းထွန်းနှင့် ဝန်ထမ်းများ မြို့နယ်သမဝါယမအသင်းစု အုပ်ချုပ်မှုဒါရိုက်တာ ဦးကံချွန် ရွှေမေသမဝါယမအသင်းမှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုပြီး စိုက်ပျိုးပြီးစီးသွားသည့် ဥတိုကျေးရွာကောင်းစံ စိုက်/ထွေသမဝါယမအသင်း အသင်းသားတောင်သူ ဦးတင်လှ၏ ကွင်းအမှတ် (၇၆၃) ဦးပိုင်အမှတ် (၂ဝ) ရှိ (၁.၃) ဧကအားတိုက်ရိုက် အစေ့ချစနစ် (Seeder) ဖြင့်စိုက်ပျိုးပြီးစီးသည့် စိုက်ကွက်အားလည်းကောင်း၊ လောက်လေးချောင်းကျေးရွာ ရတနာလွှမ်း လယ်/ထွေသမဝါယမအသင်း အသင်းသားတောင်သူ ဦးတင်အေး၏ ကွင်းအမှတ်(၇၃၄) ဦးပိုင်အမှတ်(၁၀) ရှိ ပျိုးထောင်စနစ်ဖြင့် စိုက်ပျိုးမည့်ပျိုးခင်းနှင့် တိုက်ရိုက်အစေ့ချစနစ် (Seeder)ဖြင့် စိုက်ပျိုးရန်အတွက် ထွန်ယက်ပြီးသော လယ်ကွက်များအားလည်းကောင်း ဒေါ်မင်းချုပ်ကျေးရွာ ဒေါ်မင်းချုပ် စိုက်/ထွေသမဝါယမအသင်း၏ အသင်းသား တောင်သူ ဦးဝင်းသန်း၏ ကွင်းအမှတ်(၇၈၅) ဦးပိုင်အမှတ်(၂) ရှိ (၅)ရက်သားခန့်ရှိ ကြဲပက်စိုက်ပျိုးပြီး သည့် လယ်ယာမြေများအားလည်းကောင်း အသီးသီးကွင်းဆင်းကြည့်ရှုခဲ့ပါသည်။

တိုက်ကြီးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသမဝါယမအသင်း(၅)သင်းအနေဖြင့် ရွှေမေ သမဝါယမအသင်းနှင့် အကျိုးတူအထွက်တိုးစပါး ထိုင်းမျိုး ရက် (၉ဝ) စိုက်ပျိုးခြင်းကို  (၂၅) ကီလိုမျိုးအိတ် (၂၀)အိတ်ဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး ရွှေမေသမဝါယမအသင်းအနေဖြင့် စိုက်ပျိုးရန်လိုအပ်သည့် မျိုးအိတ်များအား အခမဲ့ထုတ်ပေးခြင်း ထွန်ယက်စိုက်ပျိုးမှု ကုန်ကျငွေများပံ့ပိုးပေးသည့်အပြင် ထွက်ရှိလာမည့် မျိုးစပါးများအား ကာလပေါက်ဈေးဖြင့် ပြန်လည်ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်