Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမအသင်းသားပြည်သူများသို့ ဆန်နှင့်မြေပဲဆီသန့်များ ဖြန့်ဖြူးရောင်းချ


09 Jan,2024

ရန်ကုန် ဇန်နဝါရီ ၈

          ရန်ကုန်တိုင်းဒေသကြီးအတွင်း သမဝါယမအရောင်းဆိုင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်၍ စဉ်ဆက်မပြတ်လုပ်ငန်းများ လည်ပတ်နိုင်စေရန်နှင့် စားသုံးသူအသင်းသားပြည်သူများ အခြေခံ စားကုန်များကို ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချနိုင်စေရန် ရန်ကုန်တိုင်းဒေသကြီးသမဝါယမ ဦးစီးဌာန၏ ပေါင်းစပ်ညှိနှိုင်းချက်အရ မြန်မာနိုင်ငံဆန်ကုန်သည်ကြီးများအသင်းမှ ပေါ်ဆန်း ၂၄ ပြည်ပါ ဆန်အိတ် ၃၁၇ အိတ် တန်ဖိုးငွေကျပ် ၄၃၇ ဒသမ ၄၆ သိန်းနှင့် ပခုက္ကူဒေသထွက် မြေပဲဆီ သန့် ၈၂ ပိဿာ တန်ဖိုးငွေကျပ် ၁၂ ဒသမ ၃ သိန်း၊ စုစုပေါင်းငွေကျပ် ၄၄၉ ဒသမ ၇၆ သိန်းအား ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ သမဝါယမအသင်းသားများနှင့် အများပြည်သူများသို့ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်