Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မန္တလေး)မှ သင်တန်းသား/သူများ လေ့လာရေးခရီး သွားရောက်


10 Jan,2024

မန္တလေး ဇန်နဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်း ကျောင်း(မန္တလေး)မှ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိကြီးကြပ်သူများ ၊ သင်တန်းသား/သူများ အပါအဝင် စုစုပေါင်း ၅၁ ဦးတို့သည် မန္တလေးမြို့ ၇၃ လမ်းနှင့် သိပ္ပံလမ်းထောင့်ရှိ Great Wall ကုမ္ပဏီသို့ သွားရောက်လေ့လာခဲ့သည်။

အဆိုပါ လေ့လာရေးခရီးစဉ်တွင် ကုမ္ပဏီမှ တာဝန်ရှိသူများက ကုမ္ပဏီ၏ ငွေစာရင်းပိုင်း ဆိုင်ရာအဝင်/အထွက်ထားရှိမှုများအား ငွေစာရင်းခါင်းစဉ်တစ်ခုချင်းစီအလိုက် စာရင်းရေးသွင်းနည်း များကို အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ ကုမ္ပဏီ၏ ရည်မှန်းချက်များ ပါဝင်သည့် လုပ်ငန်းစဉ်များ၊ လုပ်ငန်း၏ အကျိုးကျေးဇူးများကို Power Point ဖြင့် ရှင်းလင်းပြောကြားပြီး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ရှေ့လုပ်ငန်းစည်များအား ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်