Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပူတာအိုမြို့နယ်၊ ဖီးလ်နစ် ဝိုင်ထုတ်လုပ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်မှ ဂရိတ်ဖရုဝိုင်များ ထုတ်လုပ်ရောင်းချ


18 Jan,2024

ပူတာအို ဇန်နဝါရီ ၁၈

          ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မြို့မရပ်ကွက်ရှိ ဖီးလ်နစ်ဝိုင်ထုတ်လုပ်ရေးနှင့် အထွေထွေ စီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်မှ အသင်းသားများသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံ ငွေမှ မတည်ထောက်ပံ့ငွေဖြင့် ဒေသထွက်ဂရိတ်ဖရုသီးများအား တစ်ဆင့်မြှင့်ထုတ်ကုန် ဂရိတ်ဖရုဝိုင် အဖြစ်ထုတ်လုပ်လျက်ရှိသည်။

          အဆိုပါအသင်းသည် ရာသီပေါ်ဂရိတ်ဖရုသီးများအား ကြံရည်နှင့်အချိုးကျရော၍ ဝိုင်ဖောက်ရာ အနည်းဆုံး ၃ လကျော်မှစတင်၍ ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ တစ်လလျှင် 750 ml ပုလင်း ၉၀၀ ကျော် ထုတ်လုပ်နိုင်ကြောင်းနှင့် ဝိုင်ပုလင်းများအား ကချင်ပြည်နယ်အတွင်းသာမက အခြားတိုင်း ဒေသကြီး/ပြည်နယ်များသို့ လက်လီလက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်