Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်စီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်တံတားတည်ဆောက်ပြီးစီး


22 Jan,2024

       မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် သော်မော်- မင်းကိုင်း ဆက်သွယ်ရေးလမ်းပေါ်၌ ကျောက်စီ ကမ်းကပ်ခုံနှင့် ၁၈ ပေရှိသည့် သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းမှာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

    အဆိုပါလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၃၄ သန်း ဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၎င်းကျေးရွာချင်းဆက်တံတား တည်ဆောက်ပြီးစီးပြီဖြစ်၍ ကျေးရွာသုံးရွာမှ ဒေသခံပြည်သူ ၃၆၅ ဦး၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်များအတွက် အမြန်ဆုံးဆက်သွယ်သွားလာနိုင်ပြီဖြစ်သည့်အပြင် ကျေးလက်ဒေသဆင်းရဲမှု လျှော့ချရေးနှင့် ကျေးလက်နှင့်မြို့ပြကွာဟမှုလျှော့ချနိုင်ရေးကိုပါ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

 နိုင်ထွန်း(မြဝတီ)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်