Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဌာနဆိုင်ရာဝန်ထမ်းများအား ဆန်နှင့်ဆီဖြန့်ဖြူး‌ရောင်းချ


24 Jan,2024

ဘားအံ ဇန်နဝါရီ  ၂၄

ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများသက်သာချောင်ချိရေးအတွက်  ပြည်နယ်အစိုးရ၏လမ်းညွှန်ချက်နှင့်အရ ပြည်နယ်သမဝါယမဦးစီးဌာနအစီအစဥ်ဖြင့် သမဝါယမ ဦးတည်ချက်၊ ရည်မှန်းချက်များနှင့်အညီ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ပံ့ပိုးငွေဖြင့် ရယူ ဆောင်ရွက်လျက်ရှိသော ဘားအံမြို့နယ်ရှိ ဆန်စက်လုပ်ငန်းရှင်များ သမဝါယမအသင်းနှင့် ဆီစက်လုပ်ငန်း ရှင်များ သမဝါယမအသင်းတို့မှ ဒေသတွင်းထုတ်လုပ်သည့် ဆန်နှင့်ဆီများအား ပြင်ပပေါက်စျေးထက် သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခဲ့သည်။

ယခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှစ၍  ဘားအံမြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများသို့ ဆန်(၂၅)အိတ်၊ တန်ဘိုးငွေကျပ်(၂၄၆၀၀၀၀/-)နှင့် မြေပဲဆီ(၁၅)ပိဿာ တန်ဘိုးငွေကျပ်(၂၂၅၀၀၀/-)၊ စုစုပေါင်း (၂၆၈၅၀၀၀/-) ကျပ်အား ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်းနှင့် ဝန်ထမ်းသက်သာချောင်ချိရေးအတွက် စဥ်ဆက်မပြတ် ဖြန့်ဖြူးရောင်းချပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်