Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစ်ကြီးနားမြို့နယ် ငါးအိုးစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်မှ နေကြာစိုက်ပျိုးထားရှိမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု


26 Jan,2024

မြစ်ကြီးနား ဇန်နဝါရီ ၂၆

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ပံ့ပိုးငွေဖြင့် မော်ဖောင်းကျေးရွာ နယ်မြေ(၈)ရှိ ငါးအိုးစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်း လီမိတက်မှ အသင်းသားတောင်သူ ဦးဇော်မျိုးအောင်၏ နေကြာ ၂.၅ ဧက စိုက်ပျိုးထားရှိမှု အခြေအနေကို မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများ၏လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့သည်။

          အဆိုပါအသင်းအနေဖြင့် ဆောင်းသီးနှံသီးထပ်အပြင် အသင်းသား ၇၅ ဦးပိုင် လယ် ၁၂၇ ဧက တွင် နေကြာ ၆.၅ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ နေကြာများကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ လယ်မှ စတင်စိုက်ပျိုးထားရှိခဲ့ပြီး ယခုနှစ် မတ်လလယ်တွင် ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း သိရ သည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်