Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မလှိုင်မြို့နယ်၌ ကတ္တရာလမ်းသစ်ဖွင့်ပွဲကျင်းပ


29 Jan,2024

မလှိုင် ဇန်နဝါရီ ၂၆

         မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်၌ ၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု ဖွင့်လှစ်သည့် ထန်းပင်ကန်မှ ရိုး-အမြန်လမ်း ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၅ ရက်က အဆိုပါလမ်းပေါ်၌ ကျင်းပသည်။

         ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အမှာစကားပြောကြားပြီး ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းနှင်းအိလှိုင်က လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

       အဆိုပါလမ်းကို တိုင်းဒေသကြီးငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ် ၁၅၆ ဒသမ ၈၇ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လမ်း၏အရှည် မှာ (၀/၄) မိုင်ရှိကာ တင်ဒါအောင်မြင်ခဲ့သည့် MTK Global Engineering ကုမ္ပဏီမှတာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ လမ်းဖွင့်လှစ်ပေးနိုင်သဖြင့် ကျေးရွာအုပ်စု လေးအုပ်စု ကျေးရွာ ၁၆ ရွာရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝမှာလည်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။

မြထွန်း(မလှိုင်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်