Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အင်္ဂပူမြို့နယ်ရှိ ရွှေသရဖူစိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းမှ နွေစပါးစိုက်ပျိုးမည့်အသင်းသားများနှင့်တွေ့ဆုံ


02 Feb,2024

အင်္ဂပူ ဖေဖော်ဝါရီ ၂

          ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊ အမှတ် ၃ ရပ်ကွက်၊ ဗိုလ်အောင်ကျော် ခန်းမ၌ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့်တာဝန်ရှိသူများသည် ရွှေသရဖူစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းမှ နွေစပါးစိုက်ပျိုးမည့် အသင်းသားများနှင့်တွေ့ဆုံပြီး နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုဖြန့်ဖြူးမည့်ကုမ္ပဏီများနှင့် ချိတ်ဆက်၍ မြေဩဇာအသုံးပြုနည်း နှင့်အထွက်နှုန်းကောင်းမွန်သည့် မျိုးစပါးများ စိုက်ပျိုးရေးအတွက် ဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။

          ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့်တာဝန်ရှိသူများသည် မကျီးကုန်းအုပ်စု၊ ရွှေတောင်စုစံပြကျေးရွာ၊ ရွှေလဝန်းစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းရှိ တိုင်းဒေသကြီး ဘတ်ဂျက်ရန်ပုံငွေဖြင့် သွင်းအားစုချေးငွေပံ့ပိုးရယူ၍ ဆောင်ရွက်နေသော သမဝါယမအသင်းသား များ၏ ပန်း၊ ဂေါ်ဖီစိုက်ခင်းများအား  ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်