Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းတွေ့ဆုံ


06 Feb,2024

ကလော၊ ဖေဖော်ဝါရီ ၅

 ရှမ်းပြည်နယ်သမဝါယမလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်သမဝါယမဦးစီး ဌာန ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့်တာဝန်ရှိသူများသည် ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ်သမဝါယမဦးစီးဌာန ရုံးခန်းမတွင် သမဝါယမဦးစီးဌာနဦးစီးအရာရှိ နှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုအမှုဆောင်များနှင့် တွေ့ဆုံ၍ သမဝါယမအသင်း ဥပဒေ ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များကို ရှင်းလင်းခြင်း၊ မိုးစပါး၊ နွေစပါး စိုက်ပျိုးမှုများအား လျာထားချက်ပြည့်မီအောင်စိုက်ပျိုးနိုင်ရေးနှင့် နေဗီယာ မွေးမြူရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ ဒေသနွားများမွေးမြူထားရှိမှုနှင့် နွားစာမြက် စိုက်ပျိုးထားမှုများအား စဉ်ဆက်မပြတ်အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ဆက်လက်၍ ရွှေကလောအထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ အရောင်းဆိုင် ဖွင့်လှစ်ထားရှိမှုအခြေအနေများနှင့် ရွှေမြို့မအထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိ တက်၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှု၍ သက်ဆိုင်ရာအမှုဆောင် များနှင့်တွေ့ဆုံကာ သမဝါယမအသင်းအချင်းချင်းပူးပေါင်းချိတ်ဆက်ပြီး သမဝါယမလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်