တောင်ကြီး ဖေဖော်ဝါရီ ၈
(၇၇)နှစ်မြောက်ရှမ်းပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် အသေးစား၊ အလတ်စား၊ ဒေသ ထွက်ကုန်များ ပြသရောင်းချခြင်းအခမ်းအနားကို တောင်ကြီးမြို့၊ အဝေယာမီးပုံးပျံကွင်းတွင် ဖေဖော်ဝါရီ ၇ ရက်နေ့က ကျင်းပပြုလုပ်ရာ ပြည်နယ်အတွင်းရှိ သမဝါယမအသင်းများဖြစ်သည့် ကျိုင်းတုံမြို့ရှိ အာခါစက်မှု ကုန်ထုတ်သမဝါယမအသင်းမှ ရိုးရာဝတ်စုံများ၊ ညောင်ရွှေမြို့နယ်ရှိ အောင်စင်္ကြာပဒုမ္မာကြာသင်္ကန်းစက်မှုလက်မှုယက္ကန်းကုန်ထုတ်သမဝါယမအသင်းမှ ကြာချည်ထည် များ၊ ရွာငံမြို့နယ်သမဝါယမအသင်းစုမှ ထုတ်လုပ်သော ကော်ဖီထုတ်လုပ်မှုအဆင့်ဆင့်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်းသမဝါယမအသင်းစုချုပ်မှ ထုတ်လုပ်သည့် ဗေဒါသဘာဝ မြေသြဇာများကို ခင်းကျင်းပြသဖြန့်ဖြူးရောင်းချလျက်ရှိသည်။
အဆိုပါ ဒေသထုတ်ကုန်ပြပွဲနှင့် စျေးရောင်းပွဲတော်ကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ပြည်ထောင်စုနေ့အထိ ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်