Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ငဖဲမြို့နယ် စပ်စီ - ဝက်စာကျင်း ကျေးရွာချင်းဆက်လမ်းပေါ်ရှိ Box Culvert တစ်စင်း ဆောင်ရွက်ပြီးစီးမှု စစ်ဆေး


13 Feb,2024

ငဖဲ ဖေဖော်ဝါရီ ၁၃

          မကွေးတိုင်းဒေကြီး ငဖဲမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက ကျေးလက်နေ ပြည်သူများ၏ မြို့ပြနှင့်ကျေးလက်ကွာဟမှု ကျဉ်းမြောင်းစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ( ပြင်ဆင်ထိန်းသိမ်းရေး)ခွင့်ပြုရန်ပုံငွေ ၁၈ သန်း ဖြင့် ဆောင်ရွက်သည့် စပ်စီ - ဝက်စာကျင်း ကျေးရွာချင်းဆက်လမ်းပေါ်ရှိ Box Culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို  ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။          

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ငဖဲမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်မာသန်း နှင့် တာဝန်ခံ အင်ဂျင်နီယာများက ကျေးရွာ ကော်မတီဝင်များ နှင့်အတူ စပ်စီ - ဝက်စာကျင်း ကျေးရွာချင်းဆက်လမ်းပေါ်ရှိ Box Culvert တစ်စင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး  ငဖဲမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်မာသန်း  က ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများကို ရေရှည်တည်တံ့ ခိုင်မြဲအောင် သက်ဆိုင်သူ အားလုံးက ဝိုင်းဝန်းထိမ်းသိန်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

          ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်၌ ငဖဲမြို့နယ် မစပ်စီ - ဝက်စာကျင်း ကျေးရွာချင်းဆက်လမ်းပေါ်ရှိ  အလျား ၂၄ ပေ၊ အကျယ် ၁၀ ပေ ၊အမြင့် ၈ ပေ Box Culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာ ဝန်ထမ်းများ က ယခုနှစ် ဇန်နဝါရီလ  ၁၄ ရက်နေ့က စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် လုပ်ငန်းများ အားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည့်အတွက် လမ်းဘေးတစ်လျှောက်ရှိ ကျေးရွာ ၃ ရွာ ၊အိမ်ခြေ ၁၃၉ အိမ်နှင့် လူဦးရေ ၆၇၃  ဦးတို့အတွက် လူမှုရေး၊ပညာရေး၊ကျန်းမာရေးတို့အတွက် ရာသီမရွေးသွားလာရ အဆင်ပြေနေပြီ ဖြစ်ကြောင်း  ငဖဲ မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်မာသန်း  ထံမှ သိရသည်။ 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်