Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြောင်းမြမြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ပေသလပ်ကုန်း-ပြင်ရွာကွန်ကရစ်လမ်းသစ်ဖွင့်


13 Feb,2024

     ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့နယ်၌ (၇၇) နှစ်မြောက်ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ပေသလပ်ကုန်း-ပြင်ရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၁ ရက်က ဖွင့်လှစ်ကြောင်း သိရသည်။

   အဆိုပါ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမင်းသိန်း တို့က ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

      ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြပြီး အဆိုပါလမ်းအား လှည့်လည်ကြည့်ရှုကြသည်။

    အဆိုပါ ပေသလပ်ကုန်း-ပြင်ရွာ ကွန်ကရစ်လမ်းသစ်သည် စုစုပေါင်း အရှည် ၆ မိုင် ၄ ဖာလုံရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြုငွေဖြင့် ၁ မိုင် ၁ ဒသမ ၅ ဖာလုံ၊ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ခွင့်ပြုငွေဖြင့် ၅ ဒသမ ၆ ဖာလုံ၊ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြုငွေဖြင့် ၄ ဒသမ ၅ ဖာလုံ၊ ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြုငွေဖြင့် ၁ မိုင် ၅ ဒသမ ၁ ဖာလုံ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ၁ မိုင်၊ ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့် ပြုငွေဖြင့် ၄ ဖာလုံ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ၁ မိုင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း အားလုံးဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

    အဆိုပါလမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်  ဝန်ကြီးများ၊ မြောင်းမြခရိုင်နှင့် မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်