Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ထန်းတပင်မြို့နယ်၌ Mobile Payment အသုံးပြု၍ချေးငွေထုတ်ချေး


16 Feb,2024

          ထန်းတပင်မြို့နယ်၌ Mobile Payment အသုံးပြု၍ချေးငွေထုတ်ချေးပေးခြင်း ရန်ကုန်တိုင်း ဒေသကြီး၊ထန်းတပင် မြို့နယ်၊   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ နှစ်၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်  ဘူးသနွတ် ကျေးရွာအုပ်စု၊  ရခိုင်စုကျေးရွာတွင်  Mobile  Financial Payment အသုံးပြု၍  ချေးငွေထုတ် ချေးပေးခြင်းအစီအစဉ်ကို ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့တွင် အဆိုပါ ကျေးရွာ၌ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင်  မြန်မာနိုင်ငံသား များဘဏ်  (Citizen  Pay) မှ တာဝန်ရှိသူများက    လာရောက်ဆောင်ရွက်ပေးကြပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဦးကြည်၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းမော်နှင့် ဝန်ထမ်းများမှ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပါသည်။  ချေးငွေထုတ်ယူရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်နှင့် အသက်မွေးဝမ်းကျောင်းဆောင် ရွက်သူ စုစုပေါင်း (၈၇) ဦးတို့အား (၃၅.၅)သိန်းကိုထုတ်ချေးခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်