Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဂုန်မင်း-ဇီးချောင် ကွန်ကရစ်လမ်းခင်းကျင်းနေမှု အရည်အသွေးပြည့်မီစေရေး ကွင်းဆင်းစစ်ဆေး


19 Feb,2024

ကျောင်းကုန်း ဖေဖော်ဝါရီ ၁၆

          ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် ဂုန်မင်း-ဇီးချောင် ကွန်ကရစ်လမ်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား ပုသိမ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက အရည်အသွေးပြည့်မီစေရေး ယနေ့ကွင်းဆင်းစစ်ဆေးခဲ့သည်။

        ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် “အောင်မိုးသန့်”ကုမ္ပဏီက တင်ဒါအောင်မြင်ဆောင်ရွက်မည့် ဂုန်မင်း- ဇီးချောင်လမ်းသည် လမ်းအရှည် သုည မိုင် ၄ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ဒု ခုနစ်လက်မဖြင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ရန်ပုံငွေကျပ် ၁၉၀ ဒသမ ၉၁၀ သန်းဖြင့်ဆောင်ရွက်မည်ဖြစ်ပြီး ကျေးရွာ ၁၁ ရွာ၊ အိမ်ခြေ ၈၆၁ အိမ်၊ လူဦးရေ ၃၁၈၇ ဦးအား အကျိုးပြုသောလမ်းဖြစ်သည်။

         အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား ပုသိမ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်သူမင်းက ကွင်းဆင်းစစ်ဆေး၍ အရည်အသွေးပြည့်မီစွာဖြင့် လုပ်ငန်းအချိန်မီပြီးစီးစေရေး အလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်