Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ တတိယနှစ်နှင့် စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူများ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) သို့ လေ့လာရေးခရီးသွားရောက်


03 Apr,2024

သန်လျင် ဧပြီ

            သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တတိယနှစ်နှင့် စတုတ္ထနှစ်သင်တန်းများမှ ကျောင်းသား၊ ကျောင်းသူ (၉၂)ဦးတို့သည် ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း ဦးဆောင်၍ သင်တန်းရေးရာဌာနမှ ဌာနမှူးနှင့် မော်ကွန်းထိန်း၊ အထူးပြု ဘာသာရပ်ဌာနများမှ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာမများ၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) သို့ လေ့လာရေးခရီး ရောက်ရှိရာ အသင်းချုပ်မှ တာဝန်ရှိသူများက ကြိုဆိုခဲ့သည်။ ယင်းနောက် လေ့လာရေးခရီး ရောက်ရှိလာသော ကျောင်းသား၊ ကျောင်းသူများအား UMFCCI ၏ မင်္ဂလာခန်းမတွင် အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ၎င်းနောက် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက မိမိတို့တက္ကသိုလ် အနေဖြင့် ကျောင်းသား၊ ကျောင်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိစေရန် နှင့် University–Industry Linkage ပြုလုပ်ရန်အတွက် လာရောက်ခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း အသင်းချုပ်နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက် နေမှုများကို Learning လုပ်ရန်၊ Social Networking တည်ဆောက်ရန်နှင့် ကျောင်းသား၊ ကျောင်းသူ များ၏ ပင်ကိုယ်စွမ်းရည်ရှိမှုကို Marketing လုပ်ရန် ရည်ရွယ်၍ ယခုလို လေ့လာရေးခရီး လာရောက်ရခြင်းဖြစ်ပါကြောင်း ပြောကြားပြီး အသင်းချုပ်ဥက္ကဋ္ဌနှင့် အမှတ်တရလက်ဆောင် ပစ္စည်းများ ဖလှယ်၍ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ထို့နောက် အသင်းချုပ် Highlight Video ပြသပြီး အသင်းချုပ်၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က “UMFCCI for Private Sector Development” ခေါင်းစဉ်ဖြင့် ရှင်းလင်းပြောကြားခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက မိမိတို့ သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။ ယင်းနောက်လေ့လာရေးခရီး လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများကိုယ်စား၊ စတုတ္ထနှစ်သင်တန်းမှ စာရင်းကိုင် ပညာနှင့်ဘဏ္ဍာရေးပညာအထူးပြု ကျောင်းသား မောင်ထွန်းလင်းအောင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ၎င်းနောက် အသင်းချုပ်၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး လေ့လာရေးခရီး လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူ များက အသင်းချုပ်၏ဌာနများသို့ လှည့်လည်ကြည့်ရှု့ လေ့လာခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်