Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်း ဆရာ၊ ဆရာမများ အခြေခံပညာ (Grade – 12) သင်ရိုးသစ် မွမ်းမံသင်တန်းဖွင့်လှစ်ခြင်း


15 May,2024

သန်လျင် မေ ၁၅

          သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး၊ မန္တလေး၊ မကွေး၊ မော်လမြိုင်၊ ပုသိမ်)တို့မှ ဆရာ၊ ဆရာမများ အခြေခံပညာ(Grade–12) သင်ရိုး သစ်မွမ်းမံသင်တန်းကို ဆရာ၊ ဆရာမများ၏ စွမ်းဆောင်ရည် မြင့်မားတိုးတက်လာစေရန်၊ လုပ်ငန်းခွင်တွင်ထိရောက်စွာ ပြန်လည်အသုံးချနိုင်ရန်၊ သင်ရိုးသစ်များကို ပိုမိုကျွမ်းကျင်တတ် မြောက်စေရန်၊ သင်ရိုးသစ်ဘာသာရပ်များနှင့် စပ်လျဉ်း၍ သင်ကြားမှုနည်း စနစ်များကိုပိုမို နားလည်တတ်ကျွမ်းစေရန်၊ ယဉ်ကျေးမှုနှင့် အမျိုးသားရေးလက္ခဏာ အစဉ်အလာကောင်းများကို ပိုမိုနားလည်၍ ပြန်လည်သင်ကြားပို့ချနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ သင်တန်း ကို (၇-၅-၂၀၂၄) ရက်နေ့မှ   (၁၄-၅-၂၀၂၄) ရက်နေ့ထိ  Zoom Application ကို  အသုံးပြု၍ Online Platform မှ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တွင် မြန်မာစာ၊ သင်္ချာ၊ ကွန်ပျူတာဘာသာရပ်များ၏ သင်ရိုးညွှန်းတမ်း၊ သင်ခန်းစာရေးဆွဲရေး အဖွဲ့ခေါင်းဆောင်များမှ ဦးဆောင်၍ သင်ကြားခဲ့ရာ သင်္ချာဘာသာရပ်တွင် (၁၃)ဦး၊ မြန်မာစာ ဘာသာရပ်တွင် (၉)ဦး နှင့် ကွန်ပျူတာဘာသာရပ်တွင် (၁၃)ဦး စုစုပေါင်း ဆရာ၊ ဆရာမ သင်တန်းသား၊ သင်တန်းသူ (၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်