Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အထည်ဆေးရေးနည်းနှင့်ပန်းပုံရိုက်အခြေခံသင်တန်းဖွင့်လှစ်


22 Jul,2022

အမရပူရ၊ ဇူလိုင် ၂၂

ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေပြီး နေ့စဉ်ပုံမှန်ဝင်ငွေ ရရှိစေရန်နှင့် ခေတ်မီနည်းစနစ်များ ပြန့်ပွားစေရန်အတွက် အထည်များပေါ်တွင် ခေတ်မီဒီဇိုင်းများ ရေးဆွဲဆေးခြယ် နိုင်စေရန်၊ အထည်ပန်းပုံရိုက်ခြင်းနည်းပညာအား ခေတ်မီစက်ကြီးများဖြင့် အသုံးပြုတတ်စေရန်နှင့် အသုံးအဆောင် ပစ္စည်းများပေါ်တွင် မိမိစိတ်ကြိုက်ပုံဖော်ရိုက်နှိပ်၍ အမှတ်တရလက်ဆောင်ပစ္စည်းများ ထုတ်လုပ်နိုင်စေရန် လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်စေရန်နှင့် ကိုယ်ပိုင်ဝင်ငွေရရှိနိုင်စေရန် ရည်ရွယ်၍ အထည်ဆေးရေးနည်းနှင့် ပန်းပုံရိုက်အခြေခံသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အမရပူရမြို့ရှိ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ သင်တန်းခန်းမ၌ ကျင်းပရာ ကျောင်းအုပ်ကြီးက သင်တန်းအဖွင့်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးများ၊ ကထိက၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား/သူများ တက်ရောက်ကြသည်။

သင်တန်းကို ဇူလိုင်လ ၂၂ ရက်နေ့မှ ၃၁ ရက်နေ့အထိ (၁၀) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး ဘာသာရပ်များအနေဖြင့် ဂျပ်စက္ကူပေါ်တွင်အခြေခံဒီဇိုင်းရေးဆွဲခြင်း၊ ဖလင်ပေါ်တွင် ဒီဇိုင်းရေးဆွဲခြင်းနှင့်ဓါးထွင်းနည်း၊ အထည်ပေါ်တွင်ဆေးရေးခြင်း၊ ဘောင်ပြုလုပ်ခြင်း၊ ဘောင်ပေါ်တွင် ဒီဇိုင်းကူးခြင်း၊ ဆေးရောင်ဖျော်စပ်ခြင်း၊ အထည်ပေါ်တွင်ဖလင်ဖြင့်ဆေးရိုက်ခြင်း၊ စကရင်ဘောင်ဖြင့် အထည်ပေါ်ပန်းပုံရိုက်ခြင်း၊ Six Screen Printing စက်ဖြင့်ပန်းပုံရိုက်ခြင်းနှင့် High Temperature စက်ဖြင့်တံဆိပ် ရိုက်ခြင်း စသည့် ဘာသာရပ် (၁၀)မျိုးကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်