Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ကတင်ကျေးရွာ မိုးကြိုဝါဆွတ်ခူးနေမှုနှင့် ဝါကြိတ်စက်များအား ကြည့်ရှုစစ်ဆေး


31 Jul,2024

နေပြည်တော် ဇူလိုင် ၃၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက် ပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ကတင်ကျေးရွာ အုပ်စု၊ ကတင်ကျေးရွာရှိ  လင်းလင်း စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသားတောင်သူ(၈၃)ဦး၏ ဝါစိုက်ဧက (၂၁၀) တွင် စိုက်ပျိုးထားသော B-31 မိုးကြိုဝါများ ခူးဆွတ်ရိတ်သိမ်းနေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အသင်းသားတောင်သူများနှင့် တွေ့ဆုံကာ Grade A Grade B အဆင့်မီဝါများ ရရှိနိုင်မှုအခြေအနေနှင့် တစ်ဧကအထွက်နှုန်း၊ ဈေးကွက်ချိတ်ဆက်ရောင်းချနိုင်မှု အခြေအနေတို့ကို မေးမြန်းပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ရေရရှိရေးအတွက် တွင်းတိမ်တူးဖော်ပေးထားသော စိုက်ဧကများတွင် မိုးစပါးကို ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးကြရေး မှာကြားသည်။

ကတင်ကျေးရွာ သမဝါယမဝါစိုက်ခင်း ဧက (၂၁၀) ၏ ဇူလိုင်လအတွင်း ဆွတ်ခူးရရှိမှုမှာ တစ်ဧကလျှင် ပိဿာ ၃၀၀ ကျော်ခန့် ရရှိထားပြီး ၁ ပိဿာလျှင် ငွေကျပ် ၃၂၀၀ ကျပ်နှုန်း ရောင်းချ ရကြောင်း၊ လာမည့်ဩဂုတ်လ၌ ဆက်လက်ခူးဆွတ်ပြီးပါက တစ်ဧကအထွက်နှုန်း ပိဿာ ၆၀၀ ကျော်ခန့် ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိရသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ရမည်းသင်းမြို့မှ လုပ်ငန်းရှင် ဒေါ်လှလှနိုင်၏ တိုးပွားကြီး ဝါကြိတ်စက်နှင့် ဆီစက်လုပ်ငန်းသို့ သွားရောက်ပြီး မိုးကြိုဝါများ ဝယ်ယူရရှိမှုအခြေအနေ၊ ဝါကြိတ်ဝါဖိလုပ်ငန်းအတွက် ကူညီပံ့ပိုးပေးရမည့်အခြေအနေတို့ကို လေ့လာမေးမြန်းခဲ့ရာ လက်ရှိ အချိန်ထိ ဝါပိဿာချိန် ၆ သောင်းခန့် ဝယ်ယူရရှိပြီးဖြစ်ကြောင်း၊ Grade A Grade B အဆင့်မှီကြောင်း သိရှိရပြီး ဝါကြိတ်လုပ်ငန်းရှင်များအနေဖြင့် စံချိန်စံညွှန်းမှီဝါများ ဝယ်ယူရရှိနိုင်ရေးအတွက် မိမိတို့ တတ်နိုင်သည့်ဘက်မှ ဝါစိုက်တောင်သူများအား စည်းရုံးပညာပေးကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရမည်းသင်းမြို့မှ လုပ်ငန်းရှင် ဦးဇော်လွင်ဦးနှင့် ဒေါ်ဥမ္မာမြင့် တို့ပိုင်ဆိုင်သော ငွေလှမြိုင် ဝါကြိတ်စက်ရုံသို့ သွားရောက်ကြည့်ရှုအားပေးပြီး မိုးကြိုဝါဝယ်ယူရရှိမှု အခြေအနေကို လေ့လာခဲ့ရာ Grade A B အဆင့်မီဝါပိဿာချိန် တစ်သိန်းခန့် ဝယ်ယူရရှိကြိတ်ခွဲနေပြီ ဖြစ်ကြောင်း သိရှိရသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ပျော်ဘွယ်မြို့သို့ ထွက်ခွာကာ လုပ်ငန်းရှင် ဦးသန်းတင့်ဆွေ ၏ ဂျိုးဖြူအီးအမ်ဘိုကာရှီ မြေဩဇာထုတ်လုပ်ရေးလုပ်ငန်းသို့ သွားရောက်၍ နွားချေး၊ ကြက်ချေး အခြေခံ အီးအမ်ဘိုကာရှီ မြေဩဇာ ၂၅ ကီလို (အမှုန့်) ထုတ်လုပ်နေမှုနှင့် Diamond Light အမှတ်တံဆိပ်ဖြင့် ၅၀ ကီလို သဘာဝမြေဩဇာ (အလုံး) ထုတ်လုပ်နေမှုတို့အား ကြည့်ရှုအားပေးပြီး သမဝါယမအသင်းစုများနှင့်ချိတ်ဆက်၍ စိုက်ပျိုးရေးတောင်သူများထံ ဖြန့်ဖြူးရောင်းချသွားနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး လုပ်ငန်းရှင် ဒေါက်တာမြတ်ဇံ၏ ဇီဝက မွေးမြူရေးလုပ်ငန်းအမျိုးမျိုးနှင့် အစာ ထုတ်လုပ်ဖြန့်ချိရေးစင်တာသို့ သွားရောက်၍ ကြက်ချေးအခြေခံ သဘာဝမြေဩဇာ ထုတ်လုပ်နေမှု အား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်