Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်မှာကြား


15 Aug,2024

နေပြည်တော် ဩဂုတ် ၁၅

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၆) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  ဦးမင်းမင်း၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ကိုယ်စားလှယ်များ၊ ဦးဆောင်ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

          ရှေးဦးစွာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယနေ့အစည်းအဝေး ခေါ်ယူခြင်း၏ ရည်ရွယ်ချက်မှာ ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချမှုရှိမရှိ၊ ပုံမှန်ရည်ညွှန်းဈေး ထုတ်ပြန်ပေးရန်နှင့် မိုးစပါးစိုက်ရာသီတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုဖြန့်ဖြူး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးနိုင်ရန် ဖြစ်ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အတွင်း ဓာတ်မြေဩဇာတန်ချိန် ၁.၆ သန်း တင်သွင်းနိုင်ရေး လျာထားသတ်မှတ်ထားချက်အရ ၂၀၂၄ ခုနှစ် ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင် (၄)လအတွက် သွင်းအားစုများတင်သွင်းသည့် ကုမ္ပဏီအလိုက် သွင်းကုန်လိုင်စင်ရရှိရေး ထောက်ခံပေးထားရာ မြေဩဇာတန်ချိန် ၉၅၃၁၇၉.၆၄ တန်နှင့် ပိုးသတ် ဆေးတန်ချိန် ၁၃၁၇၄.၅၄ တန် ရှိပြီဖြစ်ပါကြောင်း၊ ကုမ္ပဏီများရဲ့ တင်ပြချက်အရ ၂၂-၇-၂၀၂၄ ရက်ထိ ဓာတ်မြေဩဇာအတွက် လိုင်စင်ရပြီးတန်ချိန် ၆.၁ သိန်းအနက် တင်သွင်းပြီး တန်ချိန် ၄.၃၄ သိန်းကျော် ရှိပါကြောင်း၊ တင်သွင်းရန်ကျန် လိုင်စင်ရထားသည့် အသင်းဝင်ကုမ္ပဏီများမှ အချိန်မီ တင်သွင်းနိုင်ရေး စိစစ်ကြပ်မတ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊

ယခင်လ ဦးဆောင်ကော်မတီရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ပို့ကုန်ရငွေ Export Earning အထောက်အထားပြနိုင်တဲ့ ကုမ္ပဏီများ သွင်းကုန်လိုင်စင်ရရှိရေးနှင့် အသင်းမှတင်ပြချက်ဖြစ်သော တင်သွင်းမှုလျော့နည်းလာပါက ဓာတ်မြေဩဇာများ လိုအပ်ချက်ရှိလာပြီး တရားမဝင်ဈေးကွက်များ ဖြစ်ပေါ်ကြုံတွေ့လာနိုင်တဲ့အတွက် လစဉ်လိုအပ်ချက်အတိုင်း တင်သွင်းနိုင်ခြင်းမရှိပါက ပို့ကုန် ရငွေဖြင့် ဆောင်ရွက်နိုင်တဲ့ကုမ္ပဏီများကို ဦးစားပေးထောက်ခံသင့်ကြောင်း အကြံပြုတင်ပြထား၍ ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း၊ ထုတ်ပြန်ပြီးသော ရည်ညွှန်းဈေးနှုန်းများမှာ ယခု ၁၅-၈-၂၀၂၄ ရက်မှာ သတ်မှတ်ကာလပြည့်ပြီဖြစ်သည့်အတွက် ဈေးနှုန်းထပ်မံသတ်မှတ်နိုင်ရေး ဆွေးနွေးပေးကြ စေလိုကြောင်း၊ ရည်ညွှန်းဈေးနှုန်းနဲ့ပတ်သက်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနဲ့ ဆောင်ရွက်တဲ့ စီမံကိန်းများမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနတို့ မြေပြင်ကွင်းဆင်း စိစစ်ဆောင်ရွက်မှုအတွက်၊ ကြပ်မတ်မှုရှိတဲ့အတွက် ကျေးဇူးတင်ပါကြောင်း၊ ယခု မိုးစပါးစိုက်ပျိုးရေးစီမံကိန်းမှာ သွင်းအားစုပံ့ပိုးဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်း သက်ဆိုင်ရာဌာန/အသင်းတို့က ဆွေးနွေးပေးစေလိုကြောင်း၊ ဇူလိုင်လအတွင်း မိုးရွာသွန်းမှုများ ကြောင့် ရေကြီးနစ်မြှုပ်မှုဖြစ်ပေါ်ခဲ့သော မြို့နယ်များအား ရေကျသည့်အခါ ပြန်လည်စိုက်ပျိုးနိုင်ရေး မြေဩဇာအသင်းဝင်ကုမ္ပဏီများက လိုအပ်တဲ့ ဓာတ်မြေဩဇာကို သက်သာသောဈေးနှုန်းဖြင့် ပံ့ပိုးပေးမှာဖြစ်ပြီး ယူရီးယားတစ်အိတ်ကို ၇၃၀၀၀ ကျပ်နှုန်းနဲ့ ၁၅ ပတ်လည် ကွန်ပေါင်းတစ်အိတ် ကို ၁၁၅၀၀၀ ကျပ်နှုန်းနဲ့ ရောင်းချပေးမှာဖြစ်တဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ စိုက်ပျိုးရေးဦးစီး ဌာနအနေနဲ့ အဲဒီရေကြီးနစ်မြှုပ်မှုအတွက် ပြန်လည်ကုစားစိုက်ပျိုးနိုင်ရေးဧက ဘယ်လောက်ပံ့ပိုး ပေးရမည်ကို ဆွေးနွေးပေးစေလိုကြောင်း၊ သွင်းအားစုများ အချိန်မီရရှိရေး၊ အရည်အသွေးပြည့်မီရေး နှင့် ဈေးနှုန်းသက်သာစေရေးတို့အတွက် သက်ဆိုင်ရာအဖွဲ့ဝင်ဌာနများက ပူးပေါင်းကြီးကြပ် ဆောင်ရွက်ပေးစေလိုကြောင်းဖြင့် တိုက်တွန်းပြောကြားသည်။

          ထို့နောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ယခင် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားမှုများနှင့် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ (၃)လအတွက် ကုမ္ပဏီအလိုက် တင်သွင်းမည့် မြေဩဇာ/ ပိုးသတ်ဆေးတန်ချိန်များ အတည်ပြု မှတ်တမ်းတင်ရန်ကိုလည်းကောင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌမှ အသင်းဝင်ကုမ္ပဏီများ၏ ရည်ညွှန်းဈေးအတိုင်း ရောင်းချနိုင်ရေး ကြီးကြပ် ဆောင်ရွက်နေမှု၊ ဖြန့်ဖြူးရောင်းချမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

          ဆက်လက်ပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းတို့က လုပ်ငန်း ဆောင်ရွက်နေမှုများအပေါ် လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်း ဆွေးနွေးကြသည်။ ယင်းနောက် ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးစီးဌာနကိုယ်စားလှယ်များ၏ ဝိုင်းဝန်းအကြံပြု ရှင်းလင်းဆွေးနွေး တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။

ယင်းနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ အခြေစိုက် ရော့စ်ကွန်ကရက်ဖောင်ဒေးရှင်း “Fund RC-Investment” ၏ အရှေ့တောင်အာရှ အထူး ကိုယ်စားလှယ် Mr. Artemii Alimov ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံကာ အဆိုပါအဖွဲ့မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွက် ရုရှားနည်းပညာဖြင့် ထုတ်လုပ်ထား သည့် သဘာဝရွက်ဖျန်း အားဆေးရည်များဖြစ်သော Humte Plus (၈၄) လီတာ၊ Profi Nitro (၈၄) လီတာနှင့် Florata (၁၂၅) လီတာတို့ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံ ရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြ သည်။ အဆိုပါ သဘာဝရွက်ဖျန်း အားဆေးရည်များကို ဆောင်းဆီထွက်သီးနှံ နေကြာ၊ စက်မှု ကုန်ကြမ်းသီးနှံ ဝါနှင့် နွေစပါးစိုက်ပျိုးရာတွင် စမ်းသပ်အသုံးပြု စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်