Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် အသိပညာပေးဟောပြောပွဲကျင်းပ


22 Aug,2024

သန်လျင် ဩဂုတ် ၂၂
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ “စစ်မှန်သော ပျော်ရွှင်မှု” အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်၁၀နာရီတွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ၎င်းနောက် “စစ်မှန်သောပျော်ရွှင်မှု” ခေါင်းစဉ်ဖြင့် ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများကို 7887 Healthcare Call Center, Founder ဒေါက်တာစွမ်းဆောင်ဦးက စီးပွားရေးရှုထောင့်မှ လည်းကောင်း၊ ဒေါက်တာစိမ့်စမ်းဖြူ [ဆရာမစိမ့်စမ်းဖြူ(ဆေးတက္ကသိုလ်)]က ကျန်းမာရေး ရှုထောင့်မှလည်းကောင်း ဟောပြောရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။ ယင်းနောက် ပါမောက္ခချုပ်က ကျန်းမာရေးဆိုင်ရာ အသိပညာများကို ဟောပြောပေးပါသော ဒေါက်တာစွမ်းဆောင်ဦးနှင့် ဒေါက်တာစိမ့်စမ်းဖြူတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်များပေးအပ်ပြီး အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ အဆိုပါ ဟောပြောပွဲသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၅၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်