Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ် (ဒုတိယနှစ်ဝက်)သင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ အထူးပြုမေဂျာဘာသာရပ်ရွေးချယ်ရေးဆိုင်ရာ ဟောပြောပွဲအခမ်းအနား ကျင်းပ


06 Sep,2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ် (ဒုတိယနှစ်ဝက်) သင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ အထူးပြုဘာသာရပ်ရွေးချယ်ရေးဆိုင်ရာ ဟောပြောပွဲ အခမ်းအနားကို ၆-၉-၂၀၂၄ ရက်နေ့၊ နေ့လည် ၂:၃၀ နာရီအချိန်တွင် ဘွဲ့နှင်းခန်းမ၌ ကျင်းပပြုလုပ်ရာ အဆိုပါအထူးပြု ဘာသာရပ် ရွေးချယ်ရေးဆိုင်ရာ ဟောပြောပွဲအခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)နှင့် ပါမောက္ခ(ဌာနမှူးများ)၊ တွဲဖက်ပါမောက္ခ (ဌာနမှူးများ) ဘာသာရပ်တာဝန်ခံများ၊ သင်တန်းရေးရာဌာနမှူးနှင့် သင်တန်းရေးရာဌာနမှ ဝန်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားသို့ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အဖွင့်အမှာစကားပြောကြားရာတွင် ဤတက္ကသိုလ်၌ အထူးပြုဘာသာရပ်ရွေးချယ်ရာတွင် major(၅)ခုရှိကြောင်း၊ အထူးပြုဘာသာရပ် major (၅)ခုမှာ စာရင်းကိုင်ပညာနှင့်ဘဏ္ဍာရေးပညာအထူးပြုမေဂျာ၊ ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ အထူးပြုမေဂျာ၊ အသုံးချ စာရင်းအင်းပညာအထူးပြုမေဂျာ၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာအထူးပြုမေဂျာနှင့် လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာအထူးပြုမေဂျာ ဘာသာရပ်များဖြစ်ပြီး ထိုမေဂျာ(၅)ခုလုံးဟာ အလုပ်အကိုင်အခွင့်အလမ်းများနှင့် တိုင်းပြည်စီးပွား ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်နေသော ဘာသာရပ်များဖြစ်ကြောင်း၊ major(၁) ခုချင်းစီ၏ job opportunity များနှင့် မိမိအနာဂတ်တွင် ပုံဖော်မည့်လမ်းကြောင်းနှင့်ကိုက်ညီမှုရှိသော major များကိုသာ ရွေးချယ်သင့်ပါကြောင်း၊ မိမိရွေးချယ်မှု သည်လည်း မှန်ကန်မှုရှိရန်လိုအပ်ကြောင်း ၊ မိမိလိုချင်သည့် major များကို လျှောက်ထားရာတွင် သတ်မှတ်ထားသော အမှတ်များရနိုင်ရန် ယခုတည်းက ကြိုးစားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုနောက် ဒုတိယပါမောက္ခချုပ် (သင်ကြား)မှလည်း လိုအပ်သည်တို့ကို ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အစီအစဉ်အရ သင်တန်းရေးရာဌာနမှူးနှင့် သက်ဆိုင်ရာမေဂျာဘာသာရပ် တာဝန်ခံပါမောက္ခ(ဌာနမှူးများ)၊ တွဲဖက်ပါမောက္ခ(ဌာနမှူးများ)က အထူးပြုဘာသာရပ်များရွေးချယ်ရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် အထူးပြုmajorဘာသာရပ်များနှင့် စပ်လျဉ်း၍ ပထမနှစ် (ဒုတိယနှစ်ဝက်) ကျောင်းသား၊ ကျောင်းသူများအား အထူးပြုဘာသာရပ်များ အကြောင်းကို ရှင်းလင်းခဲ့ပါသည်။  ကျောင်းသား/သူများမှ အထူးပြုမေဂျာများနှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းခဲ့ရာ သက်ဆိုင်ရာဌာနမှူးများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး  အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်