Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေဘေးသင့် ကျွန်းဦးခေတ်မီစံပြကျေးရွာမှ သမဝါယမအသင်း အသေးစားအကြော်ဖိုလုပ်ငန်းများ ပြန်လည်နိုးထခြင်း


04 Nov,2024

ရေဘေးသင့်ခဲ့တဲ့ကျေးရွာတွေထဲမှာ ကျွန်းဦးစံပြကျေးရွာလည်း ပါဝင်ခဲ့ပါတယ်။ ပျဉ်းမနားမြို့နယ်၊ ကျွန်းဦးခေတ်မီစံပြကျေးရွာသည် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု (One Village One Product- OVOP) ပုံစံဖြင့် ပဲလှော်/ ပဲကြော်လုပ်ငန်းကို အဓိကလုပ်ကိုင်သည့်ကျေးရွာဖြစ်ပြီး ကျေးရွာအတွင်း ပဲလှော် လုပ်ငန်းရှင် (၁၃)ဦး ရှိကြောင်းသိရပါတယ်။ ဒါ့အပြင် ကြက်သွန်ပေါင်းကြော်လုပ်ငန်းလုပ်ကိုင်သူ (၁) ဦး၊ စာလေးခွေလုပ်ငန်းလုပ်ကိုင်သူ (၂)ဦး၊ ဆီစက်လုပ်ငန်းရှင် (၁)ဦးနဲ့ မာလာရှမ်းကောရောင်းချသူ (၁)ဦး ရှိတာလည်း တွေ့ရပါတယ်။ ကျွန်းဦးရွာကို ၂၀၂၁-၂၀၂၂ ခုနှစ် (၆)လ ဘတ်ဂျက်မှာ နေပြည်တော်တိုင်း အတွင်း ခေတ်မီစံပြကျေးရွာအဖြစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာဖြစ်ပြီး အသေးစား ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေတဲ့ရွာ၊ ထုတ်ကုန်တစ်ခု ကောင်းကောင်းထုတ်လုပ်နိုင်မှုရှိတဲ့ရွာ ဖြစ်တာကြောင့် သတ်မှတ်စံနှုန်းတွေနဲ့ကိုက်ညီတဲ့အတွက် စံပြကျေးရွာအဖြစ် ဆောင်ရွက်ရန် ရွေးချယ် ခဲ့ကြတာဖြစ်ပါတယ်။

           (၁၈.၉.၂၀၂၄)ရက်နေ့တွင် ရေဘေးကယ်ဆယ်ရေးအတွက် ပြည်ထောင်စုဝန်ကြီး ကွင်းဆင်းခရီး စဉ်ဖြင့် ကျွန်းဦးကျေးရွာကိုရောက်တော့ အကြော်ဖိုအားလုံး ရေးကြီးနစ်မြုပ်ခဲ့ပြီး ကုန်ကြမ်းများအားလုံး ရေမြုပ်ပျက်စီးခဲ့ကြောင်း၊ အသေးစားလုပ်ငန်းများဖြစ်သည့် ပဲလှော်ဖိုများ ပြန်လည် လည်ပတ်နိုင်ရေး အတွက်ပြန်လည်ပြင်ဆင်ရန်နှင့် ကုန်ကြမ်းအတွက်အရင်းအနှီးများ လိုအပ်ကြောင်း ကျေးရွာက တင်ပြ ကြပါတယ်။ အသက်မွေးဝမ်းကျောင်းပြန်လည်ထူထောင်ရေးကော်မတီဥက္ကဌလည်းဖြစ်သည့် ပြည်ထောင်စု ဝန်ကြီးက ပဲလှော်ဖိုများ ပြန်လည်ပြင်ဆင်လည်ပတ်နိုင်ရေးအတွက် သမဝါယမပုံစံအသင်းအဖွဲ့များ ဖွဲ့ စည်းပြီးဆောင်ရွက်မည်ဆိုပါက အတိုးနှုန်းသက်သာသည့်သမဝါယမချေးငွေဖြင့် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းဆွေးနွေးခဲ့ပြီး သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက (၂၈.၉.၂၀၂၄)ရက်နေ့မှ (၃.၁၀.၂၀၂၄) ရက်နေ့အထိ ကွင်းဆင်းစည်းရုံးဆောင်ရွက်ခဲ့ကြပါတယ်။ တကယ်က လုပ်ငန်းရှင်များသာ အခက်အခဲ တွေ့ရတာမဟုတ်ဘဲ အကြော်ဖိုများတွင်အလုပ်လုပ်ကိုင်နေကြသည့် လုပ်သား (၁၂၀)ခန့်လည်း အလုပ် လက်မဲ့ ဖြစ်ခဲ့ရတာကို တွေ့ရှိရပါတယ်။ ဒါ့ကြောင့် အကြော်ဖိုများ ပြန်လည် လည်ပတ်နိုင်ဖို့ အရေး တကြီးလိုအပ်နေတာကို တွေ့ရှိရပါတယ်။ စည်းရုံးဆောင်ရွက်မှုအရ လုပ်ငန်းရှင်များရော အလုပ်သမား များပါ ပါဝင်၍ သမဝါယမအသင်းဖွဲ့စည်းစေပြီး အရင်းအနှီးပြန်လည်ထုတ်ချေးကာ လုပ်ငန်းများ ပြန် လည် လည်ပတ်ဆောင်ရွက်စေခဲ့ပါတယ်။

          ဒီလိုဆောင်ရွက်နိုင်ခြင်းအားဖြင့် အောက်ပါအကျိုးကျေးဇူးများ ရရှိတာကို တွေ့ရှိရပါတယ်-

          (က)    ထုတ်ကုန်များ ပြန်လည်ထုတ်လုပ်နိုင်၍ ဝင်ငွေရရှိခြင်း၊

          ( ခ )   သက်သာသော ချေးငွေရရှိ၍ လုပ်ငန်းများ လည်ပတ်နိုင်ခြင်း၊

          ( ဂ )   အလုပ်သမားများ အလုပ်အကိုင် အခွင့်အလမ်း ပြန်လည်ရရှိခြင်း၊

          (ဃ)    ကုန်ကြမ်းများ ဝယ်ယူထုတ်လုပ်ခြင်းဖြစ်၍ စိုက်ပျိုးထုတ်လုပ်မှုအတွက် ဈေးကွက်

အခွင့်အလမ်း ရရှိခြင်းတို့ ဖြစ်ပါတယ်။

သက်သာသောချေးငွေ

          ချေးငွေထုတ်ချေးပေးခြင်းကိုတော့ (၅.၁၀.၂၀၂၄)ရက်နေ့မှာ (၁)ဖိုလျှင် ကျပ်(၂၅)သိန်းနှုန်းဖြင့် လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရန်အတွက် သမဝါယမဦးစီးဌာနမှ ကျပ်သိန်း(၁,၄၀၀)ကျော် ထုတ် ချေးပေးခဲ့ပါတယ်။ အတိုးနှုန်းမှာ (၁)ကျပ်ခွဲနှုန်းဖြစ်သော်လည်း ပြန်ဆပ်ချိန်တွင် ၁ကျပ်၊ ၁၀ပြားသာ ပေးဆပ်ရမည်ဖြစ်ပြီး ကျန် ပြား-၄၀ကို ကျေးရွာမှဖွဲ့စည်းထားသော သမဝါယမအသင်းရန်ပုံငွေအဖြစ် ထားရှိခဲ့မှာ ဖြစ်ပါတယ်။

ချေးငွေပေးဆပ်ကာလမှာ ၁နှစ်ခွဲဖြစ်ပြီး ပထမ (၆)လတွင် အတိုး၊ ဒုတိယ (၆)လတွင် အရင်း/ အတိုးနှင့် ကျန်ရှိသည့်အတိုးတစ်ဝက်နှင့် အရင်းတို့အား တတိယ (၆)လတွင် ပေးဆပ်ရမှာ ဖြစ်ပါတယ်။ ကျွန်းဦးကျေးရွာဟာ လူထုဗဟိုပြုစီမံကိန်း(CDD)ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံအပြင် စံပြကျေးရွာအဖြစ် အကောင်အထည်ဖော်တာ (၃)နှစ်အတွင်း ရောက်ရှိပြီးဖြစ်လို့ ကော်မတီဝင်များအပါအဝင် ကျေးရွာသူ/ သားများဟာ အတွေ့အကြုံရှိပြီး လုပ်ငန်းများ ကျွမ်းကျင်မှုရှိတာကြောင့် (၇.၁၀.၂၀၂၄)ရက်နေ့မှာပင် ပဲလှော်/ ပဲကြော်ဖို (၁၈)ဖို အနက် (၁၀)ဖို စတင်လည်ပတ် လုပ်ကိုင်နိုင်ခဲ့တာကို တွေ့ရှိရပါတယ်။ (၃၀.၁၀.၂၀၂၄) ရက်နေ့တွင် ၁၀၀ % အားလုံး ပြန်လည်နိုးထ လည်ပတ်နိုင်တော့မှာ ဖြစ်ပါတယ်။

ကွင်းဆင်းစည်းရုံးသည့်ပုံစံနှင့် အတွေ့အကြုံများ

          သမဝါယမဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများအနေဖြင့် ကျွန်းဦးကျေးရွာသို့ ကွင်းဆင်းသွားရောက်၍ လုပ်ငန်းများ ပျက်စီးဆုံးရှုံးသော ကျေးရွာသူ/သားများနှင့် တွေ့ဆုံကာ ၎င်း တို့ရဲ့လုပ်ငန်းများ အမြန်ဆုံး ပြန်လည် လည်ပတ်နိုင်ရေးအတွက် လိုအပ်ချက်များကို မေးမြန်းရာ သောက်သုံးရေ၊ လမ်းပန်းဆက်သွယ်ရေးနှင့် အရင်းအနှီးလိုအပ်ကြောင်း သိရှိခဲ့ရပါတယ်။  ဒါ့ကြောင့် ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ကျွန်းဦးကျေးရွာရှိ ပဲကြော်/ ပဲလှော်လုပ်ငန်းများနှင့် အခြား လုပ်ငန်းများ အမြန်ဆုံး ပြန်လည် လည်ပတ်နိုင်ရေးအတွက် သက်သာသောအတိုးနှုန်းဖြင့် ချေးငွေများ ထုတ်ချေးပေးခဲ့ပါတယ်။

အခြားအထောက်အပံ့

(၇.၁၀.၂၀၂၄)ရက်နေ့၊ ပြည်ထောင်စုဝန်ကြီး ကွင်းဆင်းစစ်ဆေးရာမှာ ကျွန်းဦးကျေးရွာတွင် ရေဝပ်နေပြီး (၆.၁၀.၂၀၂၄)ရက်နေ့အထိ ရေပြန်မကျဘဲ ဖြစ်နေသေးတာကြောင့် ချေးငွေရရှိသော်လည်း အချို့အကြော်ဖိုများ လုပ်ငန်း ပြန်လည်မစတင်နိုင်သေးတာကို သိရှိခဲ့ရပါတယ်။ ဒါ့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ ပူးပေါင်းကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည့်နေရာများတွင် ရေဖောက်ထုတ်ခြင်း၊ ရေ မြောင်းများ၊ ဆည်မြောင်းများ မွမ်းမံဆောင်ရွက်ပေးခဲ့သဖြင့် အကြော်ဖိုအားလုံး (၃၀.၁၀.၂၀၂၄) ရက် နေ့မှာ ပြန်လည်ပြင်ဆင်လည်ပတ်နိုင်တော့မှာ ဖြစ်ပါတယ်။

          ကျွန်းဦးကျေးရွာအတွင်း လမ်းများ ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေရရှိရေး ဆောင် ရွက်ပေးခြင်းတို့ကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏စက်ယန္တရားကြီးများအကူအညီနဲ့ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါတယ်။

          ဌာနဆိုင်ရာအားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ နေပြည်တော်ကောင်စီရဲ့ ကြီးကြပ်မှု၊ ကျေးရွာသူ/ သားများရဲ့ကြံ့ကြံ့ခံတုန့်ပြန်ဆောင်ရွက်မှုများကြောင့် ခေတ်မီစံပြကျေးရွာဖြစ်တဲ့ကျွန်းဦးရွာဟာ ပြန်လည် နိုးထလာခဲ့ပါပြီ။ ပေါင်းစည်းညီညွတ်မှု၊ ကျေးရွာရဲ့ပူးပေါင်းပါဝင်များ၏ အမြင်သာဆုံးသော အကျိုးရလဒ် ဖြစ်ပါတယ်။ ကျန်ရေဘေးသင့်ကျေးရွာများလည်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၏ဦးဆောင်မှုဖြင့် များမကြာမီအချိန်အတွင်းမှာ အင်တိုက်အားတိုက်ဆိုသလို နိုးထ လာကြ တော့မှာ မလွဲဧကန်ဖြစ်ပါကြောင်း………..။

ခန့်ဇော်(ကျေးလက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်