Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် ကိုယ်စားလှယ်အဖွဲ့ 2024 Global Rural Development Forum တက်ရောက်ဆွေးနွေး


04 Nov,2024

နေပြည်တော် နိုဝင်ဘာလ ၄

2024 Global Rural Development Forum ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက် နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ Ministry of Agriculture and Rural Affairs မှ ကြီးမှူး၍ International Poverty Reduction Center (IPRCC) မှ ဦးဆောင်ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင်ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုး‌ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် ဦးဆောင်သည့် ကိုယ်စားလှယ် (၂) ဦး တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Ministry of Agriculture and Rural Affairs မှ  ဒုတိယဝန်ကြီး H.E ZHANG Zhili၊ ဘရာဇီးနိုင်ငံ၊ ဥဇဘက်ကစ္စတန်နိုင်ငံ၊ အာဖဂန် နစ္စတန်နိုင်ငံ၊ ဂရီနာဒါနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံတို့အပါအဝင် ကမ္ဘာ့ နိုင်ငံပေါင်း (၂၁) နိုင်ငံမှ ဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များနှင့် သံရုံးမှဖိတ်ကြားထားသော ကိုယ်စားလှယ်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအပြည်ပြည်ဆိုင်ရာ ဆင်းရဲမှုလျော့ချရေး ဗဟိုဌာန (IPRCC) မှ ကိုယ်စားလှယ်များ၊ UN အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ Liaoning တက္ကသိုလ်နှင့် Oxford တက္ကသိုလ်တို့မှ ပါမောက္ခများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတက်ရောက်လာကြသည့် ကိုယ်စားလှယ်များမှ အောက်တိုဘာလ ၃၀ ရက်နေ့ တွင် ဘေကျင်းမြို့တွင်ရှိသည့် Siji Yangkun Agricultural Technology Development Co.,Ltd သို့ သွားရောက်ကာ အဆိုပါကုမ္ပဏီ၏ စက်မှုအခြေပြုဖွံ့ဖြိုးတိုးတက်ရေးကနဦးဆောင်ရွက်မှုများမှတဆင့် လယ်သမားများဝင်ငွေတိုးပွားစေရန်ရည်ရွယ်ချက်ဖြင့် e-commerce စနစ်ဖြင့်ရောင်းချမှုများ၊စိုက်ပျိုး ရေးအတွက်နည်းလမ်းများညွှန်ပြပေးခြင်း၊ သမဝါယမအဖွဲ့များဖွဲ့စည်းကာ အဖွဲ့ဝင်များအား နှစ်စဉ် ကြေးပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် Daxing ခရိုင်၌ မူလတန်းနှင့် အထက်တန်း ကျောင်းများနှင့်ပူးပေါင်းကာလက်တွေ့အခြေစိုက်စခန်းတစ်ခုအားလာရောက်လည်ပတ်နိုင်ရန်အတွက် ဖွင့်လှစ်ထားကြောင်းလေ့လာတွေ့ရှိရပြီး ဖရဲသီးများအား ခေတ်မီနည်းပညာများနှင့် ပေါင်းစပ်ကာ စိုက်ပျိုးဧက၇၉ ဧကပေါ်တွင်စိုက်ပျိုးနေမှုများအား သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါသည်။

ထို့မှတဆင့်  Lixian မြို့နယ်ရှိ ခရီးသွားအချက်အချာကျသည့်နေရာတွင်တည်ရှိပြီး သဘာဝ အရင်းအမြစ်များ၊ ရိုးရာယဉ်ကျေးမှုများဖြင့်  ကျော်ကြားသော နေရာတစ်ခုဖြစ်သည့် Longtou ကျေးရွာ သို့သွားရောက်ရာ Longtou village stone mill workshop၊ ပန်းပုံစံမုန့်ထုတ်လုပ်ခြင်းလုပ်ငန်း၊ တရုတ်ရိုးရာစက္ကူညှပ်လုပ်ငန်းတို့အားသွားရောက်လေ့လာခဲ့ပါသည်။ ဆက်လက်ပြီး Lijiachang ကျေးရွာသို့ သွားရောက်ကာ လှပသောကျေးရွာတည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်နေမှု များ၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ဖြစ်စေရေးအတွက် “ကျေးရွာတစ်ရွာထုတ်ကုန် တစ်မျိုး” လုပ်ငန်းအနေဖြင့် မှိုစိုက်ပျိုးထုတ်လုပ်နေမှုများ၊ “မြို့ထဲမှတောသူ” စီမံကိန်းအနေဖြင့် စိုက်ပျိုးရေးပန်းခြံ၊ လယ်ယာယဉ်ကျေးမှုများအား သရုပ်ပြဒေသအဖြစ် ပြောင်းလဲထားရှိမှုများ၊ “စိုက်ပျိုးထွက်ပစ္စည်းပြပွဲနှင့် အစားအသောက်လမ်း”စီမံကိန်းအဖြစ် စိုက်ပျိုးထွက်ပစ္စည်းများနှင့် ယဉ်ကျေးမှုများ ပေါင်းစည်းကာစက်မှုဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေမှုများအား လေ့လာခဲ့ကြပါသည်။

အောက်တိုဘာလ ၃၁ ရက်နေ့တွင် 2024 Global Rural Development Forum ကို Beijing International Convention Center တွင် ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်လာကြသည့် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့်ကိုယ်စားလှယ်များမှစဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းပြီး ဆွေးနွေးပြောကြားခဲ့ရာ အမြဲတမ်းအတွင်းဝန်ဦးခန့်ဇော်က ဆင်းရဲနွမ်းပါးမှုသည် ယနေ့ခေတ် လူဘောင်အဖွဲ့အစည်းအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း၊ တစ်ဦးတစ်ယောက်ချင်း၊ နိုင်ငံတစ်နိုင်ငံချင်းစီမှ ဖြေရှင်းရန် မှာမဖြစ်နိုင်ကြောင်း၊ အားလုံးအတူတကွ ပူးပေါင်းကာ ဖြေရှင်းဆောင်ရွက်သွားရမည့်ကိစ္စရပ်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံလူဦးရေ၏ ၂၄.၈ ရာခိုင်နှုန်းသည် ဆင်းရဲမှုမျဉ်းအောက်တွင်ရောက်ရှိလျက်ရှိပြီး ကျေးလက်နေလူဦးရေ၏ ၃၀.၂ ရာခိုင်နှုန်းမှာလည်း ဆင်းရဲနွမ်းပါးသူများဖြစ်ကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဖွံ့ဖြိုးရေးမဟာဗျူဟာမူဘောင်၊ မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲ ပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များနှင့်ချိတ်ဆက်ကာ ကျေးလက်အခြေခံအဆောက် အအုံဖွံ့ဖြိုးရေး၊ မိသားဝင်ငွေတိုးပွားရေး၊ နိုင်ငံစီးပွားမြှင့်တင်ရေး၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံ ငွေထူထောင်ခြင်းလု်ပငန်းစီမံကိန်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ် နိုင်ငံ၏အကူအညီဖြင့် ဆောင်ရွက်ခဲ့သောစီမံကိန်းများ၏ အတွေ့အကြုံများကိုရယူ၍ ခေတ်မီနည်း ပညာများထည့်သွင်းရေးဆွဲကာ မိမိတို့နိုင်ငံတွင် SMART Village စီမံကိန်းကို ကျေးရွာပေါင်း (၁၂၈) ရွာ တွင်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်ပြီးတက်ရောက်လာသော နိုင်ငံအသီးသီးမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကုလ သမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ဆင်းရဲမှုလျော့ချရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ အတွေ့အကြုံများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုး ရေး ပန်းတိုင်အားအောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နို်ငရေးအတွက် ကြိုးပမ်းနေမှုများ  အား အုပ်စုခွဲ၍ ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိခဲ့ပါသည်။ 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်