Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ကိုးရီးယားနိုင်ငံ Sunchon National University နှင့် ICOFIS တို့ပူးပေါင်းကျင်းပသည့် 2024 ICOFIS International Joint Conference စာတမ်းဖတ်ပွဲအခမ်းအနားသို့ စာတမ်းတင်သွင်းဖတ်ကြားခြင်း


18 Nov,2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ကိုးရီးယားနိုင်ငံ Sunchon National University  နှင့် ICOFIS တို့ပူးပေါင်းကျင်းပသည့် 2024 ICOFIS International Joint Conference စာတမ်းဖတ်ပွဲအခမ်းအနားသို့ စာတမ်းတင်သွင်းဖတ်ကြားခြင်း
===================================================

ကိုးရီယားနိုင်ငံ Sunchon National University  နှင့် ICOFIS တို့ပူးပေါင်းကျင်းပသည့် 2024 ICOFIS International Joint Conference စာတမ်းဖတ်ပွဲအခမ်းအနားကို (၁၅.၁၁.၂၀၂၄) ရက်နေ့ (မြန်မာစံတော်ချိန် ၁၂:၀၀ နာရီမှ နေ့လယ် ၂:၀၀နာရီ)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အဆိုပါအခမ်းအနား2024 KITA International Joint Conference စာတမ်းဖတ်ပွဲသို့  ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ် (သင်ကြား) ဒေါက်တာဥမ္မာစံ၊ အထူးပြုဘာသာရပ်ဌာနများမှ ပါမောက္ခ/တွဲဖက်ပါမောက္ခ ဌာနမှူးများ၊ သုတေသနနှင့် ဖွံ့ဖြိုးမှုဌာနမှ ဌာနမှူးနှင့် တာဝန်ရှိသူများသည် တက္ကသိုလ် Conference Room ၌ video conferencing စနစ်ဖြင့် စုံညီစွာ တက်ရောက် ခဲ့ကြပါသည်။

ဆက်လက်၍၎င်း Conference အခမ်းအနားသို့ ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာမို့မို့ရီမှ Study on Causes of Aging Population and Birth-rate Societies ခေါင်းစဉ်ဖြင့် ရေးသား လေ့လာထားသော စာတမ်းအား တင်သွင်းဖတ်ကြားခဲ့ပါသည်။

ယင်းအခမ်းအနားသို့ Korea Myanmar Research Association မှ Chairman နှင့် Sanchun National University  မှ professor Dr Shing Wang Kang နှင့် SNU  မှ Professors , Organizers များ နှင့်Myanmar,  Korea, India,China , USA, Asia Pacific region မှ professorsများလည်း တက်​ရောက်ကြပြီး ၎င်းနိုင်ငံများ မှ Researchers များ မှလည်း စာတမ်းများ တင်သွင်းခဲ့ကြသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်