Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစ်ကြီးနားမြို့ ရန်ကြီးအောင်အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲ ကျင်းပ


19 Nov,2024

မြစ်ကြီးနား နိုဝင်ဘာ ၁၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ရန်ကြီးအောင်ငွေစုငွေချေးသမဝါယမ အသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲကို မြစ်ကြီးနားမြို့ ရပ်ကွက်ဓမ္မာရုံ၌ ကျင်းပသည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်သမဝါယမအသင်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နိုင်နိုင်မော်က သမဝါယမလုပ်ငန်းများဆိုင်ရာနှင့်စပ်လျဉ်း၍ မှာကြားခဲ့ပြီး အသင်းအမှု ဆောင်အဖွဲ့၏အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများ၊ ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေး အတည်ပြုပြီးနောက် အသင်းသားများအား ချီးမြှင့်ငွေကျပ် ၁၆၆၉၃၂၀၊ အစုပေါ်အမြတ်ငွေကျပ် ၂၂၂၅၇၆၀၊ တက်ရောက်လာသည့် အသင်းသား/သူ ၁၂၅ ဦးအတွက် တစ်ဦးလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ငွေကျပ် ၆၂၅၀၀၀၊ စုစုပေါင်းငွေကျပ် ၄၅၂၀၀၈၀ တို့အား ပေးအပ်ခဲ့သည်။

ဆက်လက်၍ အသင်းအမှုဆောင်သစ်ရွေးချယ်ခြင်းကို မြို့နယ်ဖွဲ့စည်းရေးကော်မတီ အဖွဲ့က သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေနှင့်အညီ အမှုဆောင်အဖွဲ့(၉)ဦးကို ရွေးချယ်ပေး ခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်