နေပြည်တော် ဒီဇင်ဘာ ၁၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်မှ လူငယ့်အားမာန် စိုက်ပျိုးရေး နှင့်လုပ်ငန်းစုံသမဝါယမအသင်း၊ ညောင်လေးပင်မြို့နယ်မှ ရဲနွယ် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမ အသင်းတို့မှ အသင်းဥက္ကဋ္ဌများ၊ အမှုဆောင်များနှင့် တွေ့ဆုံကာ လူငယ့်အားမာန် သမဝါယမအသင်း တွင် စိုက်ဧက ၅၁၂ ဧက၊ ရဲနွယ် သမဝါယမအသင်းတွင် စိုက်ဧက ၄၄၉ ဧက စိုက်ပျိုးလုပ်ကိုင် လျက်ရှိရာ အထွက်တိုးစပါးမျိုးများ စိုက်ပျိုး၍ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဆီထွက်သီးနှံများကို စီမံကိန်း ချမှတ်စိုက်ပျိုး၍ ပတ်ဝန်းကျင်မှ တောင်သူများ၏ ဆီထွက်သီးနှံများကိုပါ ဝယ်ယူကြိတ် ခွဲဖြန့်ဖြူးပေးနိုင်ရေး၊ လူငယ့်အားမာန် အသင်းပိုင်ဆန်စက် စွမ်းအားပြည့်လည်ပတ်ရေး ဆွေးနွေး မှာကြားပြီး သမဝါယမအသင်းများ၏ လိုအပ်ချက်ဖြစ်သော ကုန်ထုတ်လမ်းများ ပြုပြင်ပေးရေး၊ ကျေးရွာချင်းဆက်လမ်း ပြုပြင်ပေးရေး ကိစ္စရပ်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ကင်မလင်းချောင်း ကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအဝင်လမ်း ၃ ဖာလုံအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ယခင်ဘဏ္ဍာနှစ်တွင် ၂ ဖာလုံခွဲ ကွန်ကရစ်ခင်းပြီးဖြစ်ရာ ကျန်ရှိသည့်လမ်းပိုင်းအနက် ပေ ၄၅၀ ကွန်ကရစ်ခင်းနေမှုအား ကြည့်ရှုစစ်ဆေးပြီး ကျေးရွာသောက်သုံးရေ ရရှိရေးလုပ်ငန်းကိစ္စများ ညှိနှိုင်း ဆွေးနွေးခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာအုပ်စု၊ ရဲစုကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်း RBF ရန်ပုံငွေဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်