Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ဧရာဝတီတိုင်းဒေသကြီး (၇) မြို့နယ်မှ နေကြာစိုက် သမဝါယမအသင်းများနှင့်တွေ့ဆုံ


14 Dec,2024

နေပြည်တော် ဒီဇင်ဘာ ၁၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့်အတူ  ယနေ့နံနက်ပိုင်းက ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမ၌ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူနှင့် ဓနုဖြူမြို့နယ်များမှ သမဝါယမအသင်းစုများ၊ သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူးများ၊ ဧရာဝတီတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ယခုနှစ် ဆောင်းရာသီ ဆီထွက်သီးနှံနေကြာကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်း အဖွဲ့များက ၁၆,၅၁၉ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း၊ ယခု တက်ရောက်လာသော မြို့နယ် (၇) မြို့နယ်တွင် ၇,၃၈၅ ဧက စိုက်ပျိုးမည်ဖြစ်ရာ ရေဆင်းစပ်မျိုး-၁ မျိုးများ အချိန်မီဖြန့်ဝေ ပေးရန်၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ အသုံးပြုနိုင်ရန်၊ ထွက်ရှိလာသည့်သီးနှံများကို ဟင်္သာတမြို့နှင့် ပုသိမ်မြို့ရှိ သမဝါယမဆီစက်များနှင့် (၁၉) မြို့နယ်အတွင်းရှိ ပုဂ္ဂလိကဆီစက် (၁၀၇) တို့တွင် ကြိတ်ခွဲနိုင်သည်အထိ ဦးစီးဌာနဝန်ထမ်းများနှင့် သမဝါယမအသင်းစုများ၊ အသင်း များက လက်တွဲပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်း၊ ဆီထွက်သီးနှံ နေကြာအပြင် မြေပဲနှင့် နှမ်း စိုက်ဧကများစွာ ရှိနေသောကြောင့် သမဝါယမအသင်းများက ချိတ်ဆက်၍ တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး စိုက်ပျိုးရေးသမဝါယမအသင်းများ ဖွဲ့စည်းကာ စနစ်တကျ စိုက်ပျိုးထုတ်လုပ်သွားရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးအရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လိုအပ် သည်များ မှာကြားသည်။

ယင်းနောက် တက်ရောက်လာသော မြို့နယ်အသီးသီးရှိ သမဝါယမအသင်းစု ဥက္ကဋ္ဌများနှင့် အမှုဆောင်များက မြို့နယ်အလိုက် နေကြာ စိုက်ပျိုးပြီးစီးမှုအခြေအနေ၊ ကျန်စိုက်ဧကများကိုလည်း ဒီဇင်ဘာလ ၂၀ ရက်ထက် နောက်မကျဘဲ အပြီးစိုက်ပျိုးရန် ဆောင်ရွက်ထားမှုများကို ရှင်းလင်း တင်ပြပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရေးနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆွေးနွေးကြသည်။

ထို့နောက် မြို့နယ်(၇) မြို့နယ်အတွင်းမှ နေကြာစိုက်ဧက (၅၆၉၀) ဧကတွင် စမ်းသပ်အသုံး ပြုရန်အတွက် ရုရှားသဘာဝရွက်ဖျန်းမြေဩဇာများကို ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့် သမဝါယမဦးစီးဌာန ညွှန်ကြားရေး မှူး ဒေါ်ဝင်းဝင်းအေးတို့က ပေးအပ်ရာ သမဝါယမအသင်းအမှုဆောင်များက လက်ခံရယူကြသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးမြင့်စိုးက ဒေသဖွံ့ဖြိုးရေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး အတွက် ဝိုင်းဝန်းထိန်းသိမ်းကြရန်၊ ၂၀၂၅ ခုနှစ်တွင် စားအုန်းဆီတင်သွင်းမှု လျှော့ချပြီး ပြည်တွင်းမှ ဆီထွက်သီးနှံ နေကြာ၊ မြေပဲ၊ နှမ်း၊ ပဲပုတ်၊ ပန်းနှမ်း စသည်တို့ကို အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုး ထုတ်လုပ်ဖြန့်ဖြူးသွားမည်ဖြစ်ရာ မိမိတို့ဝန်ကြီးဌာန၊ ဗဟိုသမဝါယမအသင်း၊ အသင်းစုချုပ်များ၊ အခြေခံသမဝါယမအသင်းများ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ဟင်္သာတမြို့နယ်၊ ဒူးယားကျေးရွာသို့သွားရောက်ပြီး အသေး စားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ခရိုင်ရုံးမြေနေရာအား ကြည့်ရှုစစ်ဆေးကာ ရုံးမြေပိုင်ဆိုင်မှု အတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန်၊ ရုံးအဆောက်အဦး ဆောက်လုပ် နိုင်ရေးအတွက် ဘဏ္ဍာငွေ လျာထားတင်ပြဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်