သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး)တို့တွင် (၂)နှစ် ဒီပလိုမာသင်တန်းများ ဖွင့်လှစ် ပေးလျက်ရှိပြီး ဒီပလိုမာပြီးမြောက်အောင်မြင်ပါက သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူးဆက်လက် တက်ရောက်စေကာ စီးပွားရေးဘွဲ့ရပညာရှင်များ မွေးထုတ်ပေးလျက်ရှိပါသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ်သင်တန်းနှင့် ဒုတိယနှစ်သင်တန်းများ၏ ဒုတိယနှစ်ဝက်သင်တန်း များအား ဖွင့်လှစ်သင်ကြားလျက်ရှိပြီး သမဝါယမကောလိပ် (မန္တလေး) တွင် ကျောင်းသား/ ကျောင်းသူ (၂၁၉) ဦးနှင့် သမဝါယမကောလိပ် (ဖောင်ကြီး)တွင် ကျောင်းသား/ ကျောင်းသူ (၂၁၈)ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ(၄၃၇)ဦး တက်ရောက်သင်ကြားလျက်ရှိပါသည်။ သမဝါယမကောလိပ် (မန္တလေး၊ဖောင်ကြီး) တို့တွင် ပထမနှစ်သင်တန်းနှင့် ဒုတိယနှစ်သင်တန်းများ၏ (ဒုတိယနှစ်ဝက်) စာမေးပွဲများကို (၁၆-၉-၂၀၂၄) ရက်နေ့မှ (၂၅-၉-၂၀၂၄) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်