Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဓ) သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်၊ စစ်ကိုင်း) ဖွင့်လှစ်ဆောင်ရွက်နိုင်မှု

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် သန်လျင်နှင့် စစ်ကိုင်းတို့တွင် ၂၀၂၄-၂၀၂၅ ပညာ သင်နှစ်နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တို့မှ သင်တန်းနှစ်အသီးသီးအား ဖွင့်လှစ်သင်ကြားလျက်ရှိရာ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၌ ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၃၉၃)ဦး နှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)၌ ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၁၃၅) ဦး တက်ရောက်သင်ကြားလျက်ရှိပါသည်။

              သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) တွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပုံမှန်သင်တန်းများအပြင် ဒီဂျစ်တယ်နည်းလမ်းဖြင့် ဈေးကွက်ဖော်ဆောင်မှုနှင့် ဆန်းသစ်တီထွင်မှု ပညာအသိအမှတ်ပြုလက်မှတ်သင်တန်း (Certificate in Digital Marketing and Innovation) (Batch-2)နှင့် စွန့်ဦးတီထွင်မှုနှင့် စီးပွားရေးစီမံခန့်ခွဲမှုပညာအသိအမှတ်ပြုလက်မှတ်သင်တန်း (Certificate in Entrepreneurship and Business Management) (Batch-2)ကို ၂၃-၈-၂၀၂၅ ရက် မှစတင်၍ သင်တန်းသား (၁၁၈) ဦးဖြင့်လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ပူးပေါင်း၍ ဌာနတွင်းဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာအသိ ပညာပေးသင်တန်း (Training on Capacity Building and Financial Awareness)ကို ၁-၈-၂၀၂၅ ရက်မှ စတင်၍ သင်တန်းသား (၁၅၃)ဦးဖြင့်လည်းကောင်း ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။

              သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် နဝမအကြိမ် ဘွဲ့နှင်းသဘင်အခမ်း အနားကို ၃-၈-၂၀၂၅ ရက်နေ့တွင် ကျင်းပခဲ့ပြီး စီးပွားရေးသိပ္ပံဘွဲ့ (၁၈၂) ဦး၊ စီးပွားရေးပညာမဟာဘွဲ့ (၁၅)ဦး၊ စီမံခန့်ခွဲမှုဆိုင်ရာမဟာဘွဲ့ (၁၅၄)ဦး၊ သုတေသနဆိုင်ရာမဟာဘွဲ့ (၁၆) ဦးနှင့် လူ့စွမ်းအား အရင်းအမြစ်စီမံခန့်ခွဲမှုပညာ ဒီပလိုမာဘွဲ့ (၅၅)ဦး၊ စုစုပေါင်း ကျောင်းသား/ ကျောင်းသူ (၄၂၂)ဦးအား သက်ဆိုင်ရာဘွဲ့များ အပ်နှင်းပေးနိုင်ခဲ့ပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်