Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဍ) ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ပေးခြင်းလုပ်ငန်း (Rural Business Fund-RBF) အကောင်အထည်ဖော်ဆောင်ရွက်မှု

စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ် ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများရရှိစေရန်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း များအား အစုအဖွဲ့စနစ်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်၊ မိသားစု ဝင်ငွေတိုးပွားစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းရရှိလာစေရန်နှင့် ဒေသထွက်ကုန်အပေါ် အခြေခံသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူ ထောင်ပေးခြင်း လုပ်ငန်းကို ကျေးရွာယူနစ် (၁)ယူနစ်လျှင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ်သန်း (၃၀) ဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် (၅၆)ယူနစ် တိုးချဲ့ဆောင်ရွက်ရန် လျာထားခဲ့ ပြီး အစီရင်ခံသည့်ကာလတွင် ကျေးရွာယူနစ် (၄၉)ယူနစ်၌ စိုက်ပျိုးရေးအစုအဖွဲ့ (၃၉)ဖွဲ့၊ မွေးမြူရေး အစုအဖွဲ့ (၁၃၃)ဖွဲ့၊ ကုန်ထုတ်လုပ်ငန်းအဖွဲ့ (၃၅)ဖွဲ့၊ စုစုပေါင်းအစုအဖွဲ့ (၂၀၇)ဖွဲ့၏ လုပ်ငန်းအဆိုပြု လွှာများ အတည်ပြုပြီး ဖြစ်ပြီး အဆိုပါ (၂၀၇)ဖွဲ့အနက် (၁၉၄)ဖွဲ့ထံ ရန်ပုံငွေလွှဲပြောင်းပေးပြီးဖြစ်ရာ လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။ ကျန်ကျေးရွာယူနစ်များမှာ အဆိုပြုလွှာများ ရေးသားဆဲနှင့် ရန်ပုံငွေလွှဲပြောင်းနိုင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိပါသည်။                

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်